Connect with us

Media

တရုတ်နိုင်ငံသမ္မတရှီနှင့် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် တွေ့ဆုံ

ပေကျင်း၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် တတိယအကြိမ်မြောက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာရပ်ဝန်းနှင့် ပိုးလမ်းမဖိုရမ် တက်ရောက်ရန် ပေကျင်းမြို့သို့ ရောက်ရှိလာသောကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်မန်နက်နှင့် အောက်တိုဘာ ၁၉ ရက်၌ တွေ့ဆုံခဲ့ကြောင်းသိရသည်။

တရုတ်နိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် လွန်ခဲ့သော ၆၅ နှစ်အကြာကသံတမန်ဆက်ဆံရေးထူထောင်ခဲ့ချိန်မှစ၍ သာတူညီမျှမှုနှင့် အပြန်အလှန် အကျိုးကျေးဇူးရှိမှုပေါ် အခြေခံ၍ အရွယ်အစားမတူညီသည့် နိုင်ငံများကြားဆက်ဆံရေး၏ သာဓကကောင်းတစ်ရပ် ချမှတ်နိုင်ခဲ့ကြောင်းနှင့် နှစ်နိုင်ငံ၏ သံမဏိချစ်ကြည်ရေးကချိုးဖျက်၍မရနိုင်ကြောင်းသမ္မတရှီကပြောခဲ့သည်။

နှစ်နိုင်ငံအနေဖြင့် အဆင့်မြင့် မဟာဗျူဟာမြောက် ဆက်ဆံရေးကိုထိန်းသိမ်းလျက် ခေတ်သစ်တွင် အေးအတူပူအမျှ တရုတ်-ကမ္ဘောဒီးယားအသိုက်အဝန်းတည်ဆောက်ရေးလုပ်ငန်းအစီအစဉ်ကိုကောင်းမွန်စွာအကောင်အထည်ဖော်သွားမည်ဟုရှီကဆိုသည်။
ထို့ပြင်ရပ်ဝန်းနှင့်ပိုးလမ်းမပူးပေါင်းဆောင်ရွက်မှုကကမ္ဘောဒီးယားနိုင်ငံအားထင်ရှားသောတိုးတက်မှုအခွင့်အလမ်းများဆောင်ကြဉ်းပေးလျက်ရှိကြောင်းသမ္မတရှီကထည့်သွင်းပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ကမ္ဘောဒီးယားလယ်ယာထွက်ကုန်များအားတရုတ်ဈေးကွက်သို့ ပိုမိုဝင်ရောက်လာရန် ကြိုဆိုသလိုတရုတ်ခရီးသွားဧည့်သည်များအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံသို့ ပိုမိုလည်ပတ်နိုင်ရန် တွန်းအားပေးကြောင်းလည်းရှီကပြောခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်မန်နက်ကကမ္ဘောဒီးယားအတွက် တရုတ်နိုင်ငံ၏ ကာလရှည်နှင့် တန်ဖိုးရှိသောပံ့ပိုးကူညီမှုအပေါ် ကျေးဇူးတင်ကြောင်း၊ တရုတ်နိုင်ငံနှင့် ချစ်ကြည်ရင်းနှီးသောမူဝါဒကိုအခိုင်အမာလိုက်နာလျက် တရုတ်နိုင်ငံ၏ ဗဟိုအကျိုးစီးပွားကိုလည်းထောက်ခံကြောင်းပြောကြားခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် ချမှတ်ထားသောအရေးကြီးအဆိုပြုချက်များစွာကကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး မြှင့်တင်ရာတွင် အရေးပါသောအခွင့်အလမ်းများနှင့် ပလက်ဖောင်းများပံ့ပိုးပေးလျက်ရှိပြီးကမ္ဘောဒီးယားနိုင်ငံက ၎င်းအဆိုပြုချက်များကိုတက်ကြွစွာပံ့ပိုးသူဖြစ်ကြောင်းဟွန်မန်နက်ကပြောခဲ့သည်။ (Xinhua)

………………………………
(English Version)
Xi meets Cambodian PM
BEIJING, Oct. 19 (Xinhua) — Chinese President Xi Jinping on Thursday met with Cambodian Prime Minister Hun Manet, who is in Beijing to attend the third Belt and Road Forum for International Cooperation.
China and Cambodia have set a good example of relations between countries of different sizes based on equality and mutual benefit since they established diplomatic ties 65 years ago, Xi said, noting that the two countries’ iron-clad friendship is unbreakable.
The two sides should maintain high-level strategic communication and well implement the action plan for building a China-Cambodia community with a shared future in the new era, he said.
Belt and Road cooperation has brought tangible development opportunities to Cambodia, the president said.
China welcomes the entry of more Cambodian farm produce into its market and encourages more Chinese tourists to travel in Cambodia, Xi said.
Hun Manet expressed appreciation for China’s long-time and valuable support for Cambodia, noting that Cambodia firmly pursues a friendly policy toward China and supports China’s core interests.
The series of important initiatives put forward by President Xi have provided important opportunities and platforms for promoting world peace and development, and Cambodia is an active supporter of them, Hun Manet said.