Connect with us

Media

ဗြိတိန်ဝန်ကြီးချုပ် ပဋိပက္ခဖြစ်ပွားမှုအတွင်းအစ္စရေးသို့ ရောက်ရှိ

ဂျေရုဆလမ်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)

လက်ရှိဖြစ်ပွားနေသောအစ္စရေးနှင့် ဟားမက်စ်အဖွဲ့ကြားပဋိပက္ခအတွင်းဗြိတိန်အနေဖြင့် အစ္စရေးကိုထောက်ခံကြောင်းအစ္စရေးနိုင်ငံ၌ ရောက်ရှိနေသောဗြိတိန်ဝန်ကြီးချုပ် ရီရှီဆူနက်ခ်ကအောက်တိုဘာ ၁၉ ရက်တွင် ကတိပြုခဲ့သည်။ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနှင့် တွေ့ဆုံပြီးနောက် ဆူနက်ခ်က ၎င်းအနေဖြင့် “မိတ်ဆွေ” အဖြစ် အစ္စရေးနိုင်ငံနှင့် ရပ်တည်လျက်ရှိသလိုအစ္စရေးက “စစ်ပွဲကိုအောင်နိုင်မည်” ဟု မျှော်လင့်ကြောင်းသတင်းထောက်များကိုပြောကြားခဲ့သည်။ နေတန်ယာဟုကလည်းအစ္စရေးနိုင်ငံအနေဖြင့် “ကြာရှည်သောစစ်ပွဲ” အတွက် “အကူအညီဆက်လက်” လိုအပ်ကြောင်းပြောခဲ့သည်။ ထို့ပြင် ဗြိတိန်ဝန်ကြီးချုပ်သည် အစ္စရေးနိုင်ငံသမ္မတ Isaac Herzog နှင့် တွေ့ဆုံခဲ့ပြီး ၎င်းအနေဖြင့် အစ္စရေးကိုထောက်ခံကြောင်းအလေးထားပြောကြားခဲ့သလိုဂါဇာသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီများအတွက်လည်းတိုက်တွန်းခဲ့သည်။ “ပါလက်စတိုင်းတွေကဟားမက်စ်အဖွဲ့ လုပ်ဆောင်မှုရဲ့ သားကောင်တွေဖြစ်ပါတယ်။

လူသားချင်းစာနာထောက်ထားမှုအကူအညီတွေဝင်ရောက်နိုင်ရေးဆက်လက်ကူညီဖို့ အရေးကြီးပါတယ်” ဟု ၎င်းကပြောခဲ့သည်။ ယခုသီတင်းပတ်အစောပိုင်းအတွင်းအမေရိကန် သမ္မတဂျိုးဘိုင်ဒန်၊ ဂျာမနီဝန်ကြီးချုပ် Olaf Scholzနှင့် အခြားအနောက်နိုင်ငံခေါင်းဆောင်များ၏ ခရီးစဉ်ပြီးနောက် ဆူနက်ခ်၏ အစ္စရေးခရီးစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။ (Xinhua)

………………………………
(English Version)
British PM visits Israel, pledges support amid conflict
JERUSALEM, Oct. 19 (Xinhua) — Visiting British Prime Minister Rishi Sunak pledged Thursday British support for Israel amid the ongoing conflict between Israel and the Islamic Resistance Movement (Hamas).
Speaking to reporters after a meeting with his Israeli counterpart Benjamin Netanyahu, Sunak said he stands with Israel as a “friend” and hopes Israel to “win the war.”
For his part, Netanyahu said Israel needed “continual support” for “a long war.”
The British prime minister also held a meeting with Israeli President Isaac Herzog, during which he urged humanitarian aid to Gaza while stressing support for Israel.
“Palestinians are victims of what Hamas has done. It’s important that we continue to provide humanitarian access,” he said.
Sunak’s visit to Israel follows trips made by U.S. President Joe Biden, German Chancellor Olaf Scholz, and several other Western leaders earlier this week.