Connect with us

Politics

မြန်မာနိုင်ငံ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး တွေ့ဆုံ

နေပြည်တော်၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရှောင်ဟုန်တို့သည် အောက်တိုဘာ ၃၁ ရက်က နေပြည်တော်တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

တောတောင် ရေမြေချင်းချိတ်ဆက်နေသော တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် “ဆွေမျိုးပေါက်ဖော်” ချစ်ကြည်ရင်းနှီးမှုရှိကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံရေးသည် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေး ခေတ်သစ်သို့ ဝင်ရောက်လာခဲ့ပြီဖြစ်ကြောင်း ဝမ်က တွေ့ဆုံပွဲ၌ ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့်အတူ အစဉ်အလာရှိသည့် ချစ်ကြည်ရင်းနှီးမှုကို တိုးမြှင့်သွားလိုကြောင်း၊ ရပ်ဝန်းနှင့် ပိုးလမ်းမ အဓိကစီမံကိန်းများ အဆင့်မြှင့်တင်ရေး အရှိန်မြှင့်လိုကြောင်း၊ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းအောင်ဆောင်ရွက်ကာ တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရာတွင် ခိုင်ခံ့သောလုံခြုံရေးအတားအဆီး တည်ဆောက်သွားလိုကြောင်း ဝမ်က ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် နှစ်နိုင်ငံ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဌာနများကလည်း ဆက်သွယ်ရေးလိမ်လည်မှုများနှင့် အွန်လိုင်းလောင်းကစားတိုက်ဖျက်ရေး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါးထိန်းချုပ်ရေး၊ မဲခေါင်မြစ်ဝှမ်းဒေသတွင်း တရားဥပဒေစိုးမိုးရေးနှင့် အဓိကစီမံကိန်းများ၏ လုံခြုံရေး စသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ခြင်းဖြင့် နှစ်နိုင်ငံ၏ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကျိုးစီးပွားများကို ကာကွယ်ထိန်းသိမ်းသွားလိုကြောင်း ဝမ်က ပြောခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်နိုင်ငံအနေဖြင့် စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုတွင် ကြီးမားသော အောင်မြင်မှုများ ရရှိခဲ့ခြင်းအတွက် ချီးကျူးပြောကြားခဲ့ပြီး မြန်မာ-တရုတ် သတ္တမအကြိမ်မြောက် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေး အောင်မြင်စွာကျင်းပခဲ့ခြင်းအတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း၊ နယ်ပယ်စုံတွင် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရန်၊ မြန်မာနိုင်ငံသားရှိ တရုတ်နိုင်ငံသားများနှင့် စီမံကိန်းများ၏ ဘေးကင်းလုံခြုံမှုကို ကာကွယ်ရန်နှင့် မြန်မာ-တရုတ် အေးအတူပူအမျှအသိုက်အဝန်းတစ်ရပ် ပူးတွဲတည်ဆောက်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

ခရီးစဉ်အတွင်း ဝမ်သည် မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့်အတူ တရုတ်-မြန်မာ သတ္တမအကြိမ်မြောက် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးကို ကြီးမှူးကျင်းပခဲ့ပြီး အစည်းအဝေးမှတ်တမ်းကိုလည်း လက်မှတ်ရေးထိုးခဲ့ကြောင်း၊ မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်လည်း တွေ့ဆုံခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
Myanmar’s SAC chairman meets China’s police chief
NAY PYI TAW, Myanmar, Oct. 31 (Xinhua) — Myanmar’s Chairman of the State Administration Council (SAC) Min Aung Hlaing met with Chinese State Councilor and Minister of Public Security Wang Xiaohong here on Tuesday.
Connected by mountains and rivers, China and Myanmar share the “Paukphaw” (fraternal) friendship, Wang said during the meeting, adding that bilateral relations have embarked on a new era of building a community with a shared future.
To secure a solid security barrier for building the China-Myanmar community with a shared future, China is willing to work with Myanmar to carry forward their traditional friendship, accelerate the advancement of key Belt and Road projects and deepen law enforcement and security cooperation, he said.
The law enforcement and security departments of the two countries will safeguard the security and development interests of both countries by strengthening cooperation in combating telecom scams and online gambling, counter-terrorism, drug control, law enforcement in the Mekong River basin, and security of major projects, Wang said.
Appreciating the great achievements China has made in economic and social development, Min Aung Hlaing congratulated the success of the seventh Myanmar-China ministerial meeting on law enforcement and security cooperation, and expressed willingness to strengthen practical cooperation in various fields, protect the safety of Myanmar and Chinese citizens and projects, and jointly build a Myanmar-China community with a shared future.
During the visit, Wang co-chaired the seventh China-Myanmar ministerial meeting on law enforcement and security cooperation with Myanmar Union Minister for Home Affairs Lt-Gen Yar Pyae and signed the meeting minutes, and met with Myanmar Union Minister for Immigration and Population U Myint Kyaing.