Connect with us

Media

ရာဖာနယ်စပ်ဖြတ်ကျော်လမ်းမှတစ်ဆင့် ဂါဇာဒေသသို့ အကူအညီပေးရေးထရပ်ကား အစီးရေ ၆၀ ဝင်ရောက်လာ

ရာဖာ၊ အီဂျစ်၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ)

လူသားချင်းစာနာထောက်ထားမှု အကူအညီများ သယ်ဆောင်လာသည့် ထရပ်ကား အစီးရေ ၆၀ ရှိသော ယာဉ်တန်းသည် ဂါဇာကမ်းမြောင်ဒေသသို့ မဝင်ရောက်မီ ရာဖာနယ်စပ်ဖြတ်ကျော်လမ်း အီဂျစ်ဘက်ခြမ်းမှ ဖြတ်သန်းသွားခဲ့ကြောင်း အီဂျစ်စစ်ဘက်ဆိုင်ရာ သတင်းရင်းမြစ်က ပြောကြားခဲ့သည်။

“ဒါက အကူအညီတွေ လွှဲပြောင်းပေးခဲ့ချိန် အောက်တိုဘာ ၂၁ ရက်ကစပြီးတော့ ဂါဇာထဲကို ရောက်တဲ့အကူအညီ ပမာဏအများဆုံးပါပဲ” ဟု မီဒီယာဆိုင်ရာ ပြောခွင့်ရပုဂ္ဂိုလ်မဟုတ်သည့်အတွက် အမည်မဖော်လိုသူ သတင်းရင်းမြစ်က ပြောကြားခဲ့သည်။ ဟားမက်စ်အဖွဲ့က အောက်တိုဘာ ၇ ရက်တွင် အစ္စရေးအား ဒုံးကျည်အမြောက်အမြား ပစ်ခတ်ခြင်းနှင့် အစ္စရေးနယ်မြေအတွင်း ကျူးကျော်ဝင်ရောက်ခြင်းဖြင့် ရုတ်တရက်ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ အစ္စရေးကလည်း ကြီးမားသော လေကြောင်းတိုက်ခိုက်မှုများ၊ မြေပြင်စစ်ဆင်ရေးများ၊ သောက်သုံးရေ၊ လျှပ်စစ်မီး၊ လောင်စာဆီနှင့် အခြားလိုအပ်ချက်များကို ဖြတ်တောက်ခြင်းဖြင့် ပြန်လည်တုံ့ပြန်တိုက်ခိုက်ခဲ့သည်။ အောက်တိုဘာ ၂၁ ရက်တွင် လူသားချင်းစာနာထောက်ထားမှု အကူအညီများ တင်ဆောင်ထားသော ထရပ်ကား အစီးရေ ၂၀ က ရာဖာနယ်စပ်ဖြတ်ကျော်လမ်းမှတစ်ဆင့် ဝင်ရောက်လာခဲ့သည်။

ဟားမက်စ်၏တိုက်ခိုက်မှုများအတွင်း အစ္စရေးပြည်သူ ၁,၄၀၀ ထက်မနည်းသေဆုံးခဲ့ပြီး ဓားစာခံ ၂၃၉ ဦးကို ဖမ်းဆီးထားကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့အရ သိရသည်။

ထို့အတူ ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးတိုက်ခိုက်မှုများကြောင့် ပါလက်စတိုင်း သေဆုံးသူ ၈,၃၀၆ ဦးအထိ မြင့်တက်လာခဲ့ကြောင်း ဟားမက်စ် ကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာ ၃၀ ရက်၌ ပြောခဲ့သည်။ လက်ရှိဖြစ်ပွားနေသော အစ္စရေးလေကြောင်းတိုက်ခိုက်မှုများကြောင့် ပါလက်စတိုင်း၌ ဒဏ်ရာရသူအရေအတွက်မှာလည်း ၂၁,၀၄၈ ဦးရှိကြောင်း သိရသည်။ (Xinhua)

……………………………
(English Version)
60 aid trucks en route to Gaza via Rafah crossing
RAFAH, Egypt, Oct. 30 (Xinhua) — A convoy of 60 trucks carrying humanitarian aid crossed the Egyptian side of the Rafah crossing on Monday before entering the Gaza Strip, according to an Egyptian military source.
“This is the largest amount of aid relief en route Gaza since the delivery of aid began on Oct. 21,” said the source who requires anonymity because he is not authorized to speak to media.
Hamas launched a surprise attack on Israel on Oct. 7, firing thousands of rockets and infiltrating Israeli territory, to which Israel responded with massive airstrikes, ground operations, and punitive measures that include a siege on the enclave with supplies of water, electricity, fuel, and other necessities being cut off.
On Oct. 21, 20 trucks loaded with humanitarian aid entered Gaza through the Rafah crossing, the only border crossing between the besieged coastal enclave and Egypt.
At least 1,400 people in Israel were killed, and a total of 239 people were taken hostage during the Hamas attacks, according to the Israel Defense Forces.
The Palestinian death toll from Israeli strikes on the Gaza Strip rose to 8,306, the Hamas-run Health Ministry said on Monday. Meanwhile, 21,048 Palestinians were wounded by the ongoing Israeli airstrikes, it added.