Connect with us

China

လက်ရှိ ကမ္ဘာ့ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် “ရွှေရောင်သော့ချက်” မှာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုဖြစ်ကြောင်း သမ္မတ ရှီကျင့်ဖိန်ပြော

အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့တွင် အမေရိကန်ရှိ ချစ်ကြည်ရေးအဖွဲ့အစည်းများက တည်ခင်းဧည့်ခံသော ညစာစားပွဲ၌ မိန့်ခွန်းပြောကြားနေသော တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆန်ဖရန်စစ္စကို၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုသည် လက်ရှိ ကမ္ဘာလုံးဆိုင်ရာ ပြဿနာများကို ဖြေရှင်းရန် “ရွှေရောင်သော့ချက်” ဖြစ်ကြောင်း နိုဝင်ဘာ ၁၆ ရက်က ပြောကြားခဲ့သည်။

အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) စီးပွားရေးခေါင်းဆောင်များအစည်းအဝေးအတွင်း အလွတ်သဘောဆွေးနွေးခြင်း အလုပ်သဘောနေ့လယ်စာသုံးဆောင်စဉ် ရှီက မကြာသေးမီနှစ်များအတွင်း APEC သည် Putrajaya Vision 2040 ကို ထုတ်ပြန်ခဲ့ပြီး Bio-Circular-Green (BCG) စီးပွားရေးဆိုင်ရာ ဘန်ကောက်ရည်မှန်းချက်များကို တက်ကြွစွာ အကောင်အထည်ဖော်ခဲ့ကာ ကမ္ဘာလုံးဆိုင်ရာ အစိမ်းရောင်နှင့် စဉ်ဆက်မပြတ် တိုးတက်မှုအတွက် အပြုသဘော ပံ့ပိုးမှုများ ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

“လက်ရှိအခြေအနေတွေအရ မိမိတို့အနေနဲ့ သဘောတူညီချက်တွေ ထပ်မံတည်ဆောက်ဖို့နဲ့ ကမ္ဘာလုံးဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုကြီးမားတဲ့ တွန်းအားတွေ ဖြည့်တင်းဖို့ ဆောင်ရွက်မှုတွေကို အာရုံစိုက်ရမှာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ပထမဦးစွာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် ကုလသမဂ္ဂ ၂၀၃၀ အစီအစဉ် အကောင်အထည်ဖော်မှုကို အရှိန်မြှင့်ရမည်ဟု သမ္မတ ရှီက အဆိုပြုခဲ့သည်။ “မိမိတို့အနေနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်ရဲ့ အလယ်ဗဟိုမှာ အခိုင်အမာထားရှိရမှာဖြစ်ပါတယ်။ နိုင်ငံရေး သဘောတူညီချက်ကို တည်ဆောက်ကာ ဖွံ့ဖြိုးတိုးတက်မှုကို အားလုံးကတန်ဖိုးထားပြီး နိုင်ငံအားလုံးကလည်း ပူးပေါင်းဆောင်ရွက်မှုအတွက် အတူတကွ လုပ်ဆောင်ရမှာဖြစ်ပါတယ်” ဟု ရှီက ပြောခဲ့သည်။

တရုတ်နိုင်ငံက ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအဆိုပြုချက် (GDI) ကို ရှေ့ဆက်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းကြား ပေါင်းစည်းမှုကို မြှင့်တင်ရန်နှင့် ဖွံ့ဖြိုးမှုကွာဟချက်များကို ကိုင်တွယ်ဖြေရှင်းရန် အပြုသဘောကြိုးပမ်းအားထုတ်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သမ္မတ ရှီက ဆိုသည်။

ဒုတိယအချက်အနေဖြင့် အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှုအတွက် အသွင်ကူးပြောင်းမှု လမ်းကြောင်းသစ်ကို တွန်းအားပေးရမည်ဟု ရှီက အဆိုပြုခဲ့သည်။ နိုင်ငံများအနေဖြင့် စွမ်းအင်၊ စက်မှုလုပ်ငန်းနှင့် သယ်ယူပို့ဆောင်ရေး အဆောက်အအုံများ အသွင်ကူးပြောင်းခြင်းနှင့် အဆင့်မြှင့်တင်ခြင်းကို ပူးတွဲမြှင့်တင်ရန်၊ ကာဗွန်လျှော့ချခြင်း၊ လေထုညစ်ညမ်းမှုလျှော့ချခြင်း၊ အစိမ်းရောင် တိုးချဲ့မှုနှင့် ညှိနှိုင်းဆောင်ရွက်မှုသဘောထား တိုးတက်မှု မြှင့်တင်ရန်၊ လုပ်သားအင်အားကို မျှတစွာအသွင်ပြောင်းလျက် အရည်အသွေးမြင့် အလုပ်ခန့်အပ်မှု တိုးမြှင့်ရန် ပူးတွဲဆောင်ရွက်ရမည်ဟု ရှီက အလေးထားပြောခဲ့သည်။

တတိယအချက်မှာ ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ဖြေရှင်းရာတွင် ကမ္ဘာလုံးဆိုင်ရာ စုပေါင်းဆောင်ရွက်မှု အကျိုးရလဒ် ထူထောင်ရမည်ဟု ရှီက အဆိုပြုခဲ့သည်။ ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာမူဘောင်ကို ကမ္ဘာ့ရာသီဥတုစီမံအုပ်ချုပ်မှု၌ အဓိကချန်နယ်အဖြစ် စောင့်ထိန်းရန်၊ ဘုံစည်းမျဉ်းဖြစ်သော်လည်း မတူညီသော တာဝန်အသီးသီးကို ထိန်းသိမ်းရန်၊ နိုင်ငံအသီးသီး၏ အခြေအနေများအရ ရာသီဥတုရည်မှန်းချက်များကို ဖော်ထုတ်ရန်၊ ငွေရေးကြေးရေး၊ စွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့် နည်းပညာလွှဲပြောင်းခြင်းအရ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဂရုပြုမှုများကို ကိုင်တွယ်ဖြေရှင်းရန်၊ ကွန်ဗင်းရှင်းနှင့် ပဲရစ်သဘောတူညီချက်ကို အပြည့်အဝ ထိရောက်စွာ အကောင်အထည်ဖော်မှု မြှင့်တင်ရန် ရှီက တိုက်တွန်းပြောကြားခဲ့သည်။

ထို့ပြင် အစိမ်းရောင် ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက်ကို မြှင့်တင်ခြင်းဖြင့် တရုတ်နိုင်ငံသည် အစိမ်းရောင် အခြေခံအဆောက်အအုံ၊ အစိမ်းရောင်စွမ်းအင်၊ အစိမ်းရောင် သယ်ယူပို့ဆောင်မှုနှင့် အခြားနယ်ပယ်များ၌ နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်မှုနှင့် ကမ္ဘာ့တောင်ဘက်ခြမ်း ဖွံ့ဖြိုးပြီးနိုင်ငံများ၏ ရာသီဥတုဆိုင်ရာ အထူးရန်ပုံငွေမှတစ်ဆင့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် စွမ်းရည်မြှင့်တင်ရေးကို ပံ့ပိုးမှုပေးရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှီက ဆိုသည်။

အဆိုပါ ဆွေးနွေးပွဲကို အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကာ စဉ်ဆက်မပြတ်ဖြစ်မှု၊ ရာသီဥတုနှင့် စွမ်းအင်ကူးပြောင်းမှု စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပခဲ့ခြင်း ဖြစ်သည်။ (Xinhua)

………………………………
(English Version)
Xi says sustainable development “golden key” to fixing current global problems
SAN FRANCISCO, Nov. 16 (Xinhua) — Chinese President Xi Jinping said on Thursday that sustainable development is the “golden key” to solving current global problems.
At an informal dialogue and working lunch during the Asia-Pacific Economic Cooperation (APEC) Economic Leaders’ Meeting, Xi said in recent years, APEC has delivered on the Putrajaya Vision 2040 and vigorously implemented the Bangkok Goals on Bio-Circular-Green (BCG) Economy, making positive contributions to global green and sustainable growth.
“Under the current circumstances, we need to further build consensus and focus on actions to inject greater impetus into the cause of global sustainable development,” he said.
First, accelerate the implementation of the UN 2030 Agenda for Sustainable Development, Xi proposed. “We should put development firmly at the center of the global agenda, build a political consensus that everyone values development and all countries work together for cooperation,” he said.
China has put forward the Global Development Initiative (GDI) and made positive efforts to promote synergy among the international community and address development deficits, Xi said.
Second, forge a new path of transformation for green development, he proposed. Countries should jointly promote the transformation and upgrading of energy, industrial and transportation structures, promote carbon reduction, pollution reduction, green expansion and growth in a coordinated manner, and promote the fair transformation of labor force and high-quality employment, he said.
Third, build global synergy to address climate change, Xi proposed, calling on countries to uphold the United Nations Framework Convention on Climate Change as a main channel in global climate governance, adhere to the principle of common but differentiated responsibilities, formulate climate targets in line with respective national conditions, address the concerns of developing countries in terms of financing, capacity building and technology transfer, and promote the full and effective implementation of the convention and the Paris Agreement.
To promote the green Belt and Road Initiative, China will continue to deepen cooperation in green infrastructure, green energy, green transportation and other fields, and support the capacity building of developing countries through the special fund for South-South cooperation on climate change, he said.
The dialogue, chaired by U.S. President Joe Biden, was themed on sustainability, climate and just energy transition.
Photo: Chinese President Xi Jinping delivers a speech at Welcome Dinner by Friendly Organizations in the United States, in San Francisco, the United States, Nov. 15, 2023. (Xinhua/Rao Aimin)