Connect with us

Media

ကမ္ဘောဒီးယားနိုင်ငံတွင် တရုတ်နိုင်ငံက ရင်းနှီးမြုပ်နှံထားသည့် နိုင်ငံတကာလေဆိပ် တရားဝင်ဖွင့်လှစ်

ဖနွမ်းပင်၊ နိုဝင်ဘာ ၁၇ ရက်(ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ အနောက်မြောက်ပိုင်း ဆီယမ်ရိ(ပ်)ပြည်နယ်တွင် တရုတ်နိုင်ငံက ရင်းနှီးမြုပ်နှံထားသည့် ဆီယမ်ရိ(ပ်)အန်ကော နိုင်ငံတကာလေဆိပ်(SAI)အား နိုဝင်ဘာ ၁၆ ရက်က တရားဝင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်မန်နက်က ဖွင့်ပွဲအခမ်းအနားအား သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆီယမ်ရိ(ပ်)အန်ကော နိုင်ငံတကာလေဆိပ်သည် ရပ်ဝန်းနှင့်ပိုးလမ်းမအဆိုပြုချက်(BRI)အောက်ရှိ ကမ္ဘောဒီးယားနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား ကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှု၏ နောက်ထပ်အသီးအပွင့်ဖြစ်ကြောင်း နှင့် ကမ္ဘောဒီးယားနိုင်ငံ၏ လေကြောင်းလုပ်ငန်းကဏ္ဍတွင် အောင်မြင်မှုအသစ်တစ်ခု ဖြစ်ကြောင်း ဝန်ကြီးချုပ် ဟွန်မန်နက်က ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။ (Xinhua)

……………………………
(English Version)
Chinese-invested int’l airport in Cambodia officially inaugurated
The Chinese-invested Siem Reap Angkor International Airport (SAI) in northwest Cambodia’s Siem Reap province was officially inaugurated on Thursday.
Cambodian Prime Minister Hun Manet presided over the inauguration ceremony.
He said during the ceremony that the SAI was another fruit of good cooperation between Cambodia and China under the Belt and Road Initiative (BRI) and was a new achievement in the kingdom’s aviation industry.
Xinhua News Agency correspondents reporting from Phnom Penh.(XHTV)