Connect with us

Culture & Entertainment

တရုတ်နိုင်ငံ၏ ဆန်းရှီးပြည်နယ်၌ နိုင်ငံတကာရုပ်ရှင်ပွဲတော်ကျင်းပ

ထိုက်ယွမ်၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)

ငါးကြိမ်မြောက် နိုင်ငံတကာရုပ်ရှင်ပွဲတော် ကို တရုတ်နိုင်ငံ မြောက်ပိုင်းဆန်းရှီးပြည်နယ်ရှိ နှစ်ပေါင်း ၂၇၀၀ သက်တမ်းရှိ Pingyaoမြို့၌ အောက်တိုဘာ ၁၂ ရက်တွင် ဖွင့်လှစ်ခဲ့သည်။Pingyao နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွင် နိုင်ငံနှင့် ဒေသပေါင်း ၃၀မှ ရုပ်ရှင်ကားပေါင်း ၄၆ ကား ပြသသွားမည်ဖြစ်သည်။ ယူနက်စကိုစာရင်းဝင် ကမ္ဘာ့အမွေအနှစ်နေရာဖြစ်သော Pingyao မြို့၌ ပြသမည့်ရုပ်ရှင်ကားအနက် သုံးပုံတစ်ပုံခန့်မှာ ကမ္ဘာကို ပွဲဦးထွက်ပြသမည့် ကားများဖြစ်ကြောင်း သိရသည်။

ပွဲတော်ကာလအတွင်း ပြသမည့် ရုပ်ရှင်များတွင် Cannes ဆုရ “Prayers for the stolen ရုပ်ရှင်ကား၊ ဘယ်လ်ဂျီယံဒါရိုက်တာ Laura Wandel ၏ “Playground” ရုပ်ရှင်ကားနှင့် နာမည်ကျော် တရုတ်ရုပ်ရှင်ဒါရိုက်တာ Xie Fei ၏ “Song of Tibet’’ ရုပ်ရှင်ကားများလည်းပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ပရိသတ်များအနေဖြင့်ဉာဏ်ရည်တုရုပ်ရှင်များထုတ်လုပ်မှုတွင် ပါဝင်နိုင်မည့် အခွင့်အရေးရရှိမည်ဖြစ်ပြီး ရုပ်ရှင်အမျိုးအစားနှင့် ဇာတ်လမ်းပုံစံအားရွေးချယ်ကာ ဇာတ်ညွှန်းရေးသူနှင့် တည်းဖြတ်သူအဖြစ် မည်သည့်ရုပ်ရှင်တွင်မဆိုဆောင်ရွက်ခွင့်ပြုမည်ဖြစ်ကြောင်းသိရသည်။

တရုတ်ဒါရိုက်တာ Tsui Hark သည်ရုပ်ရှင်ပြပွဲအတွင်းကျင်းပမည့်တွေ့ဆုံဆွေးနွေးရေးလှုပ်ရှားမှုတစ်ခုတွင် Alfred Hitchcock ၏လက်ရာများကို ရှင်းပြသွားဖြစ်ကြောင်းသိရသည်။

Pingyao နိုင်ငံတကာရုပ်ရှင်ပွဲတော်အား နိုင်ငံအသီးသီးမှရုပ်ရှင်ရိုက်ကူးသူများအကြား အပြန်အလှန် အတွေ့အကြုံဖလှယ်မှုကိုအားကောင်းစေရန်ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်ပြီးကြောင်းနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများမှလူငယ်ဒါရိုက်တာများ၏ပြောင်မြောက်သောလက်ရာများကိုရှာဖွေခြင်းနှင့်မြှင့်တင်ခြင်းတို့ကိုအလေးထားကြောင်း ပွဲစီစဉ်သူထံမှ သိရသည်။ (Xinhua)

—————————————————-
(English Version)

Int’l film festival kicks off in China’s Shanxi
TAIYUAN, Oct. 12 (Xinhua) — The fifth Pingyao International Film Festival opened on Tuesday in the 2,700-year-old city of Pingyao, north China’s Shanxi Province.
A total of 46 movies from over 30 countries or regions will be shown at the festival. Almost a third of them will have their world premieres in Pingyao, which is a UNESCO world cultural heritage site.
The movies to be screened during the festival include Cannes Award-winning “Prayers for the stolen,” Belgian director Laura Wandel’s “Playground,” and renowned Chinese filmmaker Xie Fei’s “Song of Tibet.”
The audience will have the opportunity to participate in producing artificial-intelligence films, selecting a film genre and storyline then allowing the algorithm to act as the screenwriter and editor, producing movies of any length.
Chinese director Tsui Hark will narrate the works of Alfred Hitchcock in a dialogue activity to be held during the film exhibition.
Pingyao International Film Festival focuses on discovering and promoting outstanding works by young directors from developing countries, with the aim of strengthening the exchanges between filmmakers from various countries, according to the organizer. Enditem