Connect with us

Environment, Disasters & Accidents

COP15 အစည်းအဝေးတွင် ကူမင်းကြေညာချက်အတည်ပြု

ကူမင်း၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ကူမင်းမြို့တွင် ၁၅ ကြိမ်မြောက် ဇီဝမျိုးကွဲဆိုင်ရာ ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံများ၏ ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး (COP15) တွင် ကူမင်းကြေညာချက်ကို အောက်တိုဘာ ၁၃ ရက်က အတည်ပြုခဲ့ကြောင်း သိရသည်။တရုတ်နိုင်ငံ ဂေဟဗေဒနှင့် သဘာဝပတ်ဝန်းကျင် ဝန်ကြီး ဟွမ်ရွန့်ချိုးက COP15 ပထမပိုင်း အဆင့်မြင့် အစည်းအဝေး ကြေညာချက် အတည်ပြုကြောင်း ကြေညာခဲ့သည်။

“ဒီကြေညာချက်က ဇီဝမျိုးကွဲများဆုံးရှုံးမှုပြဿနာ အဖြေရှာရန် ကျွန်တော်တို့ ဆုံးဖြတ်ချက်၊ ဒီအစည်းအဝေးမှာ ဆွေးနွေးတဲ့ ကိစ္စတွေဆိုင်ရာ ကျွန်တော်တို့ရဲ့ ခိုင်မာတဲ့ဆောင်ရွက်ချက်တွေ ကမ္ဘာကြီးကို ပြသလျက် အားကောင်းတဲ့အချက်ပြမှုတစ်ခုပေးပို့သွားမှာဖြစ်ပါတယ်” ဟု ဟွမ်က ဆိုသည်။

ကူမင်းကြေညာချက်သည် အဆိုပါ အစည်းအဝေး၏ နိုင်ငံရေးကြေညာချက်နှင့် အဓိကအောင်မြင်မှုတစ်ခု ဖြစ်သည်။ ယင်းကြေညာချက်သည် လတ်တလော ဇီဝမျိုးကွဲများ ဆုံးရှုံးမှုကို ထိန်းသိမ်းရေး ၂၀၂၀ ပြည့်နှစ်အလွန် ထိရောက်သော ကမ္ဘာ့ဇီဝမျိုးကွဲများမူဘောင် ဖော်ထုတ်ခြင်း၊ အတည်ပြုခြင်းနှင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း သေချာစွာလုပ်ဆောင်ရေးနှင့် ဇီဝမျိုးကွဲများဆိုသည်မှာ နောက်ဆုံးတွင် ၂၀၃၀ ပြည့်နှစ်မတိုင်မီ ပြန်လည်အားကောင်းလာရန် လမ်းကြောင်းပေါ်တွင် ရောက်ရှိနေပြီဖြစ်ကြောင်း၊ သို့မှသာ သဘာဝနှင့် လိုက်လျောညီထွေဖြစ်စွာ နေထိုင်ရေး ၂၀၅၀ ပြည့်နှစ် မျှော်မှန်းချက်နှင့် အပြည့်အဝကိုက်ညီမှုရှိမည်ဖြစ်ကြောင်း ကတိပြုထားကြောင်း သိရသည်။ (Xinhua)

—————————————————-
(English Version)

(COP15) 1st LD: Kunming Declaration adopted at COP15

KUNMING, Oct. 13 (Xinhua) — The Kunming Declaration was adopted Wednesday at the ongoing 15th meeting of the Conference of the Parties to the Convention on Biological Diversity (COP15) in Kunming, southwest China’s Yunnan Province.
Chinese Minister of Ecology and Environment Huang Runqiu declared the adoption of the declaration at the High-Level Segment of the first part of COP15.
“The declaration will send a powerful signal, showing the world our determination to solve the problem of biodiversity loss, and our stronger actions on the issues discussed at this high-level meeting,” Huang said.
The Kunming Declaration is a political declaration and the main achievement of this conference. The declaration commits to ensuring the formulation, adoption and implementation of an effective post-2020 Global Biodiversity Framework to reverse the current loss of biodiversity and ensure that biodiversity is on the path to recovery by 2030 at the latest, so as to fully meet the 2050 vision of living in harmony with nature. Enditem
Photo taken on Oct. 12, 2021 shows the interior view of the media center of the 15th meeting of the Conference of the Parties to the Convention on Biological Diversity, known as COP15, in Kunming, southwest China’s Yunnan Province. COP15 kicked off in Kunming on Oct. 11. (Xinhua/Chen Junqing)