Connect with us

China

တရုတ်နိုင်ငံ၏ ပထမဆုံး ပင်လယ်ဖြတ်ကျော် မြန်နှုန်းမြင့်ရထားလမ်းပေါ်တွင် သံလမ်းခင်းခြင်းစတင်

တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ဖူကျန့်ပြည်နယ်ရှိ ဖူကျိုး-ရှမန် မြန်နှုန်းမြင့်ရထားလမ်း၏ Quanzhou Bay ပင်လယ်ဖြတ်ကျော်တံတားအား ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဖူကျိုး၊ မတ် ၁၇ ရက် (ဆင်ဟွာ)

မီတာ ၅၀၀ ရှိသော သံမဏိရထားသံလမ်းပိုင်းတစ်စုံကို တရုတ်နိုင်ငံ အရှေ့ပိုင်း ဖူကျန့်ပြည်နယ်ရှိ Putian ဘူတာရှိ ကွန်ကရစ်ကြမ်းခင်းပေါ်၌ အောင်မြင်စွာခင်းခဲ့ကာ နိုင်ငံ၏ ပထမဆုံး ပင်လယ်ဖြတ်ကျော် မြန်နှုန်းမြင့်ရထားလမ်း သံလမ်းခင်းခြင်းလုပ်ငန်းကို စတင်လျက်ရှိကြောင်း သိရသည်။

အရှည် ၂၇၇ ကီလိုမီတာရှိသော အဆိုပါ ရထားလမ်းသည် ပြည်နယ်မြို့တော် ဖူကျိုးအား ရှမန်ဆိပ်ကမ်းမြို့နှင့် ချိတ်ဆက်ပေးထားခြင်း ဖြစ်သည်။ တစ်နာရီလျှင် ၃၅၀ ကီလိုမီတာနှုန်းဖြင့် ပြေးဆွဲနိုင်ရန် ဒီဇိုင်းထုတ်လုပ်ထားသော အဆိုပါ ရထားလမ်းသည် မြို့နှစ်မြို့ကြား ခရီးသွားချိန်ကို တစ်နာရီအတွင်း သွားလာနိုင်သည်အထိ လျှော့ချပေးနိုင်မည်ဟု မျှော်မှန်းထားသည်။

အဆင့်မြင့်စက်ပစ္စည်းကို အသုံးပြုခြင်းဖြင့် အလုပ်သမားများသည် သံလမ်း ဘယ်ဘက်ခြမ်းနှင့် ညာဘက်ခြမ်း နှစ်ခုလုံးကို တစ်ပြိုင်နက်ခင်းနိုင်စွမ်းရှိပြီး ထိရောက်မှုမှာ နှစ်ဆနီးပါးရှိကြောင်း China Railway 11th Bureau Group ကုမ္ပဏီလီမိတက်၊ ပရောဂျက်မန်နေဂျာ Zhang Xiaofeng က ဆိုသည်။

လက်ရှိတွင် တစ်ရက်လျှင် သံလမ်း ၆ ကီလိုမီတာခန့် လမ်းခင်းခြင်းနှင့်အတူ သံလမ်းခင်းခြင်းလုပ်ငန်းတစ်ခုလုံးမှာ ယခုနှစ်မကုန်မီပြီးစီးမည်ဟု မျှော်မှန်းထားကြောင်း Dongnan Coastal Railway Fujian ကုမ္ပဏီလီမိတက်၊ အမှုဆောင်တစ်ဦးဖြစ်သူ Zhang Zhipeng က ပြောခဲ့သည်။

ရထားလမ်းဖောက်လုပ်ရေးစီမံကိန်းသည် ၂၀၂၃ ခုနှစ်တွင် ပြီးစီးမည်ဟု သတ်မှတ်ထားကြောင်း သိရသည်။ (Xinhua)

………………………………………………
(English Version)
Track-laying begins on China’s first sea-crossing high-speed railway
Source: XinhuaEditor: huaxia2022-03-17 15:55:31

FUZHOU, March 17 (Xinhua) — A pair of 500-meter steel rails was successfully laid on a concrete bed at Putian railway station Thursday in east China’s Fujian Province, marking the beginning of track-laying work on the country’s first sea-crossing high-speed railway.

The 277-km railway links the provincial capital of Fuzhou with the port city of Xiamen. With a designed speed of 350 km per hour, it is expected to slash the travel time between the two cities within one hour.

Using an advanced machine, workers are able to lay the left and right tracks at the same time and nearly double their efficiency, said Zhang Xiaofeng, a project manager with China Railway 11th Bureau Group Co., Ltd.

At the current pace of about 6 km of track laid per day, the entire track-laying work is expected to finish by the end of this year, according to Zhang Zhipeng, an executive with Dongnan Coastal Railway Fujian Co., Ltd.

The railway construction project is slated for completion in 2023. ■
Photo : Aerial photo taken on Nov. 30, 2021 shows the Quanzhou Bay cross-sea bridge of the Fuzhou-Xiamen high-speed railway in southeast China’s Fujian Province. (Xinhua/Lin Shanchuan)