Connect with us

Asia

ရုရှားသမ္မတ နှင့် ယူကရိန်းသမ္မတ နှစ်ဦးလုံးကို G20 အစည်းအဝေးသို့ ဖိတ်ကြားထားကြောင်း အင်ဒိုနီးရှားသမ္မတ ပြောကြား

အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဂျိုကို ဝီဒိုဒိုအား တွေ့ရစဉ်(ဆင်ဟွာ)

ဂျကာတာ ၊ မေ ၁ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံသည် ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင် နှင့် ယူကရိန်းနိုင်ငံ သမ္မတ Volodymyr Zelensky တို့ နှစ်ဦးလုံးကို နိုဝင်ဘာလတွင် ပြုလုပ်မည့် G20 ထိပ်သီးအစည်းအဝေးသို့ ဖိတ်ကြားထားကြောင်း အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဂျိုကို ဝီဒိုဒိုက ဧပြီ ၂၉ ရက်တွင် ပြောကြားခဲ့သည်။

“အင်ဒိုနီးရှားနိုင်ငံက ငြိမ်းချမ်းရေးကြိုးပမ်းမှုအတွက် ဖြည့်ဆည်းပံ့ပိုးပေးဖို့ အဆင်သင့်ပါပဲ။”ဟု သမ္မတ ဂျိုကို ဝီဒိုဒိုက virtual သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ “အင်ဒိုနီးရှားနိုင်ငံက G20 ကို ပေါင်းစည်းစေလိုပါတယ်။ ကွဲပြဲခွင့်မပြုသင့်ပါဘူး ။ ငြိမ်းချမ်းရေး နဲ့ တည်ငြိမ်ရေးက ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကသော့ချက်တွေ ဖြစ်ပါတယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။

G20 သည် ကမ္ဘာ့စီးပွားရေး ပြန်လည်နလန်ထူရာတွင် အပြောင်းအလဲ ဖြစ်စေရန် အထောက်အကူအခန်းကဏ္ဍတစ်ခုမှ ပါဝင်ကြောင်း သမ္မတ ဂျိုကို ဝီဒိုဒိုက ပြောကြားခဲ့ပြီး ၎င်းသည် ယခုအပတ်အတွင်း ရုရှားနိုင်ငံ သမ္မတ ၊ ယူကရိန်းနိုင်ငံ သမ္မတ နှစ်ဦးလုံးဖြင့် တယ်လီဖုန်းဆက်သွယ်ပြောဆိုခဲ့ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဂျိုကို ဝီဒိုဒို နှင့် ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင်တို့သည် ဧပြီ ၂၈ ရက် ဖုန်းပြောဆိုဆွေးနွေးမှုအတွင်း G20 လှုပ်ရှားဆောင်ရွက်မှုများ၏ ရှုထောင့်အမျိုးမျိုး နှင့် ရုရှား-အင်ဒိုနီးရှား ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဂျိုကို ဝီဒိုဒိုက ယူကရိန်းနိုင်ငံ သမ္မတ Volodymyr Zelensky နှင့် ဆက်သွယ်ပြောဆိုမှုအတွင်း ယူကရိန်းနိုင်ငံသမ္မတ၏ လက်နက်များ တောင်းဆိုချက်အား ငြင်းပယ်ခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံအနေဖြင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်ရန် အဆင်သင့်ရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)

……………………………………
(English Version)
Putin, Zelensky both invited to G20: Indonesian president
JAKARTA, April 30 (Xinhua) — Indonesia has invited both Russian President Vladimir Putin and Ukrainian President Volodymyr Zelensky to the Group of 20 (G20) summit in November, Indonesian President Joko Widodo said Friday.
“Indonesia is ready to contribute to the peace effort,” Widodo said in a virtual press conference. “Indonesia wants to unite the G20. Do not let there be a split. Peace and stability are the keys to the world economic development.”
The G20, he said, plays a catalyst role in the recovery of the world economy, adding that he had telephone conversations with both leaders of Russia and Ukraine this week.
On Thursday, Widodo and Putin discussed issues of Russian-Indonesian cooperation and various aspects of the activities of G20 in a phone conversation.
In a conversation with Zelensky on Wednesday, Widodo turned down a request for arms from the Ukrainian president, saying that Indonesia is ready to provide humanitarian assistance. ■
Photo -Indonesian President Joko Widodo. Photo: Xinhua