Connect with us

Africa & Middle East

ဘိုင်ဒန်က ဇူလိုင်လ အရှေ့အလယ်ပိုင်းခရီးစဉ်အတွင်း ဆော်ဒီအာရေဗျသို့ သွားမည်

အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်အား ဝါရှင်တန်ဒီစီရှိ အိမ်ဖြူတော်မှ ထွက်ခွာလာသည်ကို မတ် ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်သည် ဇူလိုင်လလယ်တွင် အရှေ့အလယ်ပိုင်းခရီးစဉ်အတွင်း ဆော်ဒီအာရေဗျနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း အိမ်ဖြူတော်က ဇွန် ၁၄ ရက်၌ ကြေညာခဲ့သည်။ယခုအခါ ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်မှုကောင်စီ ဥက္ကဋ္ဌဖြစ်သော ဆော်ဒီအာရေဗျနိုင်ငံ Jeddah မြို့သည် ဇူလိုင် ၁၃ ရက်မှ ၁၆ ရက်အထိ စီစဉ်ထားသော ခရီးစဉ်အတွင်း အစ္စရေးနှင့် West Bank ဒေသပြီးနောက် သမ္မတ ဘိုင်ဒန်၏ နောက်ဆုံးခရီးစဉ်လည်းဖြစ်ကြောင်း အိမ်ဖြူတော်ပြန်ကြားရေးမှူး Karine Jean-Pierre က ထုတ်ပြန်ချက်၌ ပြောကြားထားသည်။

သမ္မတက “ဆယ်စုနှစ် ၈ ခုနီးပါး အမေရိကန်ရဲ့ မဟာဗျူဟာမြောက်မိတ်ဖက်ဖြစ်တဲ့အတွက် ဆော်ဒီအာရေဗျနိုင်ငံက အရေးပါတဲ့ခရီးစဉ်အဖြစ် မျှော်လင့်ထားပါတယ်” ဟု Jean-Pierre ဟု ဆိုပြီး အခြားသောကိစ္စရပ်များကြား “ကမ္ဘာ့စွမ်းအင်နှင့် စွမ်းအင်လုံခြုံရေး သေချာစေရေး” ကိုလည်း ဆွေးနွေးသွားဖွယ်ရှိကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

ရေနံပေါကြွယ်ဝသောနိုင်ငံဖြစ်သည့် ဆော်ဒီအာရေဗျသို့ ခရီးစဉ်သည် ဘိုင်ဒန် အစိုးရက ဓာတ်ဆီဈေးနှုန်းမြင့်တက်မှု လျှော့ချရေး ပြည်တွင်းဖိအားနှင့် ရင်ဆိုင်နေရချိန်၌ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ အမေရိကန်နိုင်ငံတွင် ဓာတ်ဆီဈေးနှုန်းသည် ဇွန် ၁၁ ရက်က ပထမဆုံးအကြိမ်အဖြစ် တစ်ဂါလန်လျှင် ၅ ဒေါ်လာကျော်သွားခဲ့ကြောင်း သိရသည်။

ဆော်ဒီအာရေဗျမှ ဦးဆောင်သော ရေနံထုတ်လုပ်သောနိုင်ငံများအုပ်စု OPEC+ သည် ဈေးနှုန်းမြင့်တက်မှုများ လျှော့ချရေး အထောက်အကူဖြစ်စေရန် ရေနံထုတ်လုပ်မှု တိုးမြှင့်ရန် မကြာသေးမီက သဘောတူထားကြောင်း သိရသည်။ (Xinhua)

————————
(English Version)
Biden to visit Saudi Arabia during Mideast trip in July
Source: XinhuaEditor: huaxia2022-06-15 03:42:15
WASHINGTON, June 14 (Xinhua) — The White House announced Tuesday that U.S. President Joe Biden will visit Saudi Arabia during his upcoming trip to the Middle East in mid-July.

White House Press Secretary Karine Jean-Pierre said in a statement that Jeddah, Saudi Arabia, now the chair of Gulf Cooperation Council, will be the president’s last stop during the trip scheduled for July 13 to 16, which also brings him to Israel and the West Bank.

The president “looks forward to this important visit to Saudi Arabia, which has been a strategic partner of the United States for nearly eight decades,” Jean-Pierre said, adding that “ensuring global energy and food security” is among the issues to be discussed.

The visit to the oil-rich country comes as the Biden administration is facing mounting domestic pressure to lower sky-high gasoline prices. The price of U.S. gasoline averaged more than 5 dollars a gallon for the first time on Saturday.

OPEC+, the group of oil-producing nations led by Saudi Arabia, recently agreed to raise oil production to help bring down the surging prices. ■
Photo : U.S. President Joe Biden leaves the White House in Washington, D.C. March 8, 2022. (Photo by Ting Shen/Xinhua)