Connect with us

Europe

ရုရှားက အဇော့ဓာတုဗေဒစက်ရုံရှိ အရပ်သားများ ရွှေ့ပြောင်းရေးအတွက် လူသားချင်းစာနာထောက်ထားမှုစင်္ကြံ ဖွင့်လှစ်

ဒွန်ညက်စ်ရှိ Kramatorsk မြို့တွင် ရွှေ့ပြောင်းရေးအတွက် စောင့်ဆိုင်းနေသူများအား မေ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းတွင် မဟာဗျူဟာမြောက်မြို့ဖြစ်သော Sievierodonetsk ရှိ အဇော့ (Azot) ဓာတုဗေဒစက်ရုံတွင် ပိတ်မိနေသော အရပ်သားများ အား ရွှေ့ပြောင်းရန် လူသားချင်းစာနာထောက်ထားမှု စင်္ကြံ လမ်းကြောင်းကို ဇွန် ၁၅ ရက်၌ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ဇွန် ၁၄ ရက်က ပြောကြားခဲ့သည်။
ရုရှားနိုင်ငံ စစ်တပ်အနေဖြင့် “လူသားချင်းစာနာထောက်ထားမှု စည်းမျဉ်းစည်းကမ်းများမှ လမ်းညွှန်ထားချက်အရ အရပ်သားများ ရွှေ့ပြောင်းရေး လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းကို ဆက်လက်ဆောင်ရွက်ဖို့” အဆင်သင့်ရှိကြောင်း ရုရှား အမျိုးသားကာကွယ်ရေး ထိန်းချုပ်ရေးစင်တာ အကြီးအကဲ Mikhail Mizintsev က ပြောကြားခဲ့သည်။

လူသားချင်းစာနာထောက်ထားမှုစင်္ကြံကို Svatovo မြို့ဆီသို့ မြောက်ဘက်လမ်းကြောင်း၌ မော်စကိုစံတော်ချိန် နံနက် ၈ နာရီမှ ည ၈ နာရီအထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

“စစ်မက်ပြုခြင်းကို ရပ်တန့်ရန်နှင့် ဒီလူသားချင်းစာနာထောက်ထားမှုစင်္ကြံမှတစ်ဆင့် ထိန်းထားသော အရပ်သားတွေကို လွှတ်ပေးရန်” Mizintsev က ယူကရိန်းစစ်တပ်အား တိုက်တွန်းခဲ့သည်။

ယူကရိန်း အာဏာပိုင်များအနေဖြင့် အမြော်အမြင်ရှိမှုကို ပြသရန်နှင့် ၎င်းတို့၏ တပ်ဖွဲ့များ အတိုက်အခံပြုလုပ်ခြင်းကို အဆုံးသတ်ရန်နှင့် အဇော့စက်ရုံပိုင်နက်မှ ထွက်ခွာရန် သင့်လျော်သော ညွှန်ကြားချက်များ ပေးရန် ၎င်းကတိုက်တွန်းခဲ့ကြောင်း သိရသည်။ (Xinhua)

————————
(English Version)

Russia to open humanitarian corridor for civilian evacuation in Azot plant
Source: XinhuaEditor: huaxia2022-06-15 00:48:14
MOSCOW, June 14 (Xinhua) — A humanitarian corridor will be opened on Wednesday to evacuate civilians in the Azot chemical plant in the strategic city of Sievierodonetsk in eastern Ukraine, the Russian Defense Ministry said Tuesday.

Mikhail Mizintsev, head of the Russian National Defense Control Center, said that Russian armed forces are ready to “carry out a humanitarian operation to evacuate civilians guided by humanitarian principles.”

From 8 a.m. to 8 p.m. Moscow time (0500 to 1700 GMT) on Wednesday, a humanitarian corridor will be opened in the northern direction towards the city of Svatovo, he added.

Mizintsev urged Ukrainian armed forces to “stop any hostilities and release the civilians they are holding through this humanitarian corridor.”

He also urged the authorities in Kiev to display prudence, and to give appropriate instructions to their forces to end resistance and leave the territory of the Azot plant. ■
Photo : People wait for evacuation in Kramatorsk, Donetsk, May 28, 2022. (Photo by Diego Herrera/Xinhua)