Connect with us

Eastern Europe

နိုင်ငံတကာ စစ်ဘက်ဆိုင်ရာအားကစားပြိုင်ပွဲ ဆောင်းရာသီ တင့်ကား ပွဲစဉ်နှစ်ခု၏ ပထမပွဲစဉ်တွင် တရုတ်အသင်းက အောင်မြင်စွာ ပါဝင် ယှဉ်ပြိုင်

ရုရှားနိုင်ငံ မော်စကိုရှိ Alabino လေ့ကျင့်ရေးကွင်း၌ ကျင်းပသော နိုင်ငံတကာ စစ်ဘက်ဆိုင်ရာအားကစားပြိုင်ပွဲ (International Army Games 2022)တွင် တရုတ်အသင်း ပါဝင်ယှဉ်ပြိုင်နေသည်ကို ဩဂုတ် ၁၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို၊ ဩဂုတ် ၁၆ ရက် (ဆင်ဟွာ)

တရုတ်အသင်းသည် ရုရှားနိုင်ငံ မော်စကိုမြို့ Alabino လေ့ကျင့်ရေးကွင်း၌ ကျင်းပလျက်ရှိသော ၂၀၂၂ ခုနှစ် နိုင်ငံတကာ စစ်ဘက်ဆိုင်ရာအားကစားပြိုင်ပွဲ (International Army Games 2022)ဆောင်းရာသီ တင့်ကားပွဲစဉ် နှစ်ခု၏ ပထမပွဲစဉ်ကို ဩဂုတ် ၁၄ ရက်တွင် အောင်မြင်စွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။ယခုနှစ် တင့်ကားပွဲစဉ် နှစ်ခုကို နိုင်ငံနှင့်ဒေသပေါင်း ၂၁ ခုမှ ပါဝင်ယှဉ်ပြိုင်ကြရာ တရုတ်အသင်းက 96B-type တင့်ကားကို အသုံးပြုခဲ့ပြီး အခြားအသင်းများက T-72 တင့်ကားကို အသုံးပြုခဲ့ကြကြောင်း သိရသည်။ တရုတ်အသင်းသည် ကာဂျစ္စတန်၊ ရုရှား ၊ ဘီလာရုဇ် အသင်းတို့နှင့် တစ်အုပ်စုတည်း ယှဉ်ပြိုင်ရန် ရွေးချယ်ခံထားရကြောင်း သိရသည်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနမှ ကျင်းပသည့် နိုင်ငံတကာစစ်ဘက်ဆိုင်ရာအားကစားပြိုင်ပွဲသည် စစ်ရေးအတွေ့အကြုံဖလှယ်ရန်နှင့်ပူးပေါင်းဆောင်ရွက်မှုအားကောင်းစေရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua) xhtxs.cn/yFM
—————————–

Chinese team successfully completed first competition in tank biathlon of ongoing International Army Games 2022 in Moscow region xhtxs.cn/yFM
Chinese team completes first competition in tank biathlon in int’l army games
MOSCOW, Aug. 14 (Xinhua) — The Chinese team successfully completed the first competition in the tank biathlon of the ongoing International Army Games 2022 at the Alabino training ground in the Moscow region on Sunday.
A total of 21 countries and regions participate in the tank biathlon this year. The Chinese team uses 96B-type tanks, and the other teams use T-72 tanks.
The Chinese team was drawn to compete with teams from Kyrgyzstan, Russia and Belarus in the same group.
The International Army Games, initiated by the Russian Defense Ministry, have served as an international platform for militaries to exchange experience and strengthen cooperation. Enditem

1. The Chinese team takes part in the tank biathlon of the International Army Games 2022 at the Alabino training ground in the Moscow region, Russia, Aug. 14, 2022. (Photo by Alexander Zemlianichenko Jr/Xinhua)