Connect with us

Eastern Europe

လက်တုံ့ပြန်သည့်အနေဖြင့် ရုရှားနိုင်ငံက နယ်သာလန် ၊ ဘယ်လ်ဂျီယံ ၊ ဩစတြီးယား နိုင်ငံများမှ သံတမန်များအား နှင်ထုတ်

ရုရှားနိုင်ငံ မော်စကိုမြို့ရှိ ကရင်မလင်နန်းတော်အား မတ်လ ၁၀ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို ၊ ဧပြီ ၂၀ ရက်(ဆင်ဟွာ)

ဆတူလက်တုံ့ပြန်သည့်အနေဖြင့် ရုရှားနိုင်ငံက နယ်သာလန်နိုင်ငံမှ သံတမန် ၁၅ ဦး ၊ ဘယ်လ်ဂျီယံနိုင်ငံမှ အရေအတွက် အတိအကျ ထုတ်ပြန်ထားခြင်းမရှိသော သံတမန်များ နှင့် ဩစတြီးယား နိုင်ငံမှ သံတမန် ၄ ဦးတို့အား “မကြိုဆိုထိုက်သူ” အဖြစ် ကြေညာခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၁၉ ရက်တွင် ပြောကြားခဲ့သည်။အဆိုပါနိုင်ငံများတွင် လုပ်ကိုင်နေကြသည့် ဒါဇင်နှင့်ချီသော ရုရှားသံတမန်များအား “မကြိုဆိုထိုက်သူ” အဖြစ် ကြေညာရန် ၎င်းတို့၏ ဆုံးဖြတ်ချက်အပေါ် ကန့်ကွက်သည့်အနေဖြင့် ယင်းနိုင်ငံ ၃ နိုင်ငံမှ သံအမတ်များအား ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနသို့ ဆင့်ခေါ်ခဲ့ကြောင်း ဝန်ကြီးဌာနက၏ သီးခြားစီ ထုတ်ပြန်ခဲ့သော ကြေညာချက်များတွင် ပြောကြားခဲ့သည်။

နယ်သာလန်နိုင်ငံ သံတမန်များသည် နှစ်ပတ်အတွင်း ရုရှားနိုင်ငံမှ ထွက်ခွာရန် လိုအပ်မည် ဖြစ်ပြီး ဘယ်လ်ဂျီယံနိုင်ငံသံတမန်များသည် မေ ၃ ရက်နေ့ နောက်ဆုံးထား ထွက်ခွာရန် အမိန့်ပေးခဲ့ကာ ဩစတြီးယား နိုင်ငံသံတမန်များအနေဖြင့် ဧပြီ ၂၄ ရက်နေ့ နောက်ဆုံးထား၍ ရုရှားနိုင်ငံမှ ထွက်ခွာရမည် ဖြစ်ကြောင်း သိရသည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနသည် လူဇင်ဘတ်နိုင်ငံသံအမတ်ကိုလည်း ဆင့်ခေါ်ကာ ရုရှားနိုင်ငံအနေဖြင့် လူဇင်ဘတ်နိုင်ငံရှိ ရုရှားသံရုံး၌ ဝန်ထမ်းတစ်ဦးအား ထုတ်ပစ်ခဲ့ခြင်းအတွက် လက်တုံ့ပြန်ပိုင်ခွင့်မှာ လက်ဝယ်ထားရှိကြောင်း ပြောကြားခဲ့သည်။
ဘယ်လ်ဂျီယံနိုင်ငံ သံတမန် ၁၂ ဦးအား ရုရှားနိုင်ငံမှ ထွက်ခွာရန် အမိန့်ပေးထားကြောင်း ဘယ်လ်ဂျီယံသံအမတ်၏ ပြောကြားချက်ကို ကိုးကား၍ မီဒီယာများက ဖော်ပြခဲ့ကြကြောင်း သိရသည်။ (Xinhua)

———————-
(English Version)
Russia expels diplomats from Netherlands, Belgium, Austria in retaliatory move

MOSCOW, April 19 (Xinhua) — Russia has declared 15 diplomats from the Netherlands, an unspecified number of diplomats from Belgium, and four diplomats from Austria “personae non gratae” in a tit-for-tat response, the Russian Foreign Ministry said Tuesday.

The ambassadors of the three countries were summoned to the Russian Foreign Ministry in protest over their decisions to declare dozens of Russian diplomats working in these countries “personae non gratae,” the ministry said in separate statements.

The Dutch diplomats will need to leave Russia within two weeks, the Belgian diplomats were ordered to leave before the end of the day on May 3, while the Austrian diplomats must leave Russia before the end of the day on April 24.
The ministry also summoned the ambassador of Luxembourg, saying Moscow “reserves the right to retaliate” for Luxembourg’s expulsion of an employee at the Russian Embassy.

Media reports cited the Belgian Foreign Ministry as saying that 12 Belgian diplomats were ordered to leave Russia. ■
Photo – Photo taken on March 10, 2022 shows the Kremlin in Moscow, Russia. (Xinhua/Bai Xueqi)