Connect with us

CHINA

ရှန်ဟိုင်းတွင် ကူးစက်ရောဂါ မှေးမှိန်လာသဖြင့် ပုံမှန်အခြေအနေ ပြန်လည်ရောက်ရှိ

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့ Xujiahui ခရိုင်ရှိ ပန်းခြံတစ်ခုတွင် လာရောက်အပန်းဖြေနေသူများအား ဇွန် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ ဇွန် ၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ Bund ကမ်းနားပေါ်ရှိ Customs House ရုံးအဆောက်အအုံရှိ နာရီမှာ သန်းခေါင်ယံအချိန်နာရီ ရောက်ရှိလာပြီဖြစ်သဖြင့် Huangpu မြစ် တစ်ဖက်တစ်ချက်စီအား ချိတ်ဆက်ထားသော ယာဉ်အသွားအလာကို နဂိုအတိုင်း အပြည့်အဝပြန်လည်ဖွင့်လှစ်ခဲ့ပြီး ရှုမျှော်ခင်းကြည့်နေရာအချို့ရှိအတားအဆီးများကိုလည်း ဖယ်ရှားကာ ကိုယ်ပိုင်ကားများလည်း အဓိကလမ်းမကြီးများပေါ်၌ ပြန်လည်ထွက်ပေါ်လာခဲ့သည်။

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့ရှိ Shanghai South ဘူတာ၌ တန်းစီစောင့်ဆိုင်းနေသူများအား ဇွန် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့ Bund ဧရိယာရှိ ပလက်ဖောင်းပေါ်တွင် ထိုင်နေသူများအား ဇွန် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဇွန် ၁ ရက်အထိ ကိုဗစ်-၁၉ (COVID-19) ရောဂါတစ်ကျော့ပြန်ဖြစ်ပွားမှုကို ထိန်းချုပ်ရန် အချိန်နှစ်လကြာ ပိတ်ထားခဲ့ပြီးနောက် ရှန်ဟိုင်းမြို့သည် ပုံမှန်ကုန်ထုတ်လုပ်မှုနှင့် လူနေမှုဘဝဆီသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်သည်။

ရှန်ဟိုင်း မြူနီစီပယ်အစိုးရသည် ဒေသခံ ၂၄ သန်းအား ၎င်းတို့၏ပံ့ပိုးမှုနှင့် ကြိုးပမ်းအားထုတ်မှုများကို ကျေးဇူးတင်ကြောင်း ဇွန် ၁ ရက် နံနက်ပိုင်းက အွန်လိုင်းသဝဏ်လွှာတစ်စောင် ပေးပို့ခဲ့သည်။ အဆိုပါ သဝဏ်လွှာတွင် မြို့အား ကာကွယ်ရန် အချိန်နှစ်လကျော်ကြာ ရောဂါတိုက်ဖျက်ရေး၊ ခက်ခဲကြမ်းတမ်းသော တိုက်ပွဲပြီးနောက် ရှန်ဟိုင်းမြို့သည် ပုံမှန်ထုတ်လုပ်ရေးနှင့် လူနေမှု အခြေအနေသို့ ပြန်လည်ဝင်ရောက်လာခဲ့ကြောင်း ဖော်ပြထားသည်။

မကြာသေးမီက ဖြစ်ပွားခဲ့သော ကိုဗစ်-၁၉ လှိုင်းတွင် ရောဂါဖြစ်ပွားမှု ၆၀၀,၀၀၀ ကျော် ရှိခဲ့သည်။ လက်ရှိတွင်မူ လူနာအများစုမှာ ဆေးရုံမှဆင်းသွားပြီဖြစ်ကြောင်းနှင့် ရှန်ဟိုင်းမြို့ရှိ ကိုဗစ်-၁၉ လူနာများအတွက် အကြီးဆုံး ယာယီဆေးရုံအား မေ ၃၁ ရက်တွင် ပိတ်သိမ်းခဲ့သည်။

“ဒီလို အထူးကလေးများနေ့လိုမျိုးမှာ ကျွန်တော်၊ ကျွန်တော့်မိသားစုနဲ့ မြို့က တဖြည်းဖြည်းနဲ့ ပြန်လည်ကောင်းမွန်လာမယ်လို့ ကျွန်တော် ယုံကြည် မျှော်လင့်ပါတယ်” ဟု ဇွန် ၁ ရက်က မိခင်နှင့်အတူ ဆေးရုံမှဆင်းလာသော Xiao Jing က ပြောခဲ့သည်။

ယင်းနေ့တွင်ပင် ရှန်ဟိုင်းမြို့ရှိ အငှားယာဉ်များနှင့် ကားအငှားခေါ်ဆိုခြင်းဝန်ဆောင်မှုများလည်း ပုံမှန်လည်ပတ်မှုများ ပြန်လည်စတင်ခဲ့သည်။ ယင်းမြို့ရှိ မြေအောက်ရထားလမ်း ၂၀ ခုလုံးမှာလည်း တစ်စိတ်တစ်ပိုင်း ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်းနှင့် ရထားဘူတာ ၃ ခုမှာလည်း ပြည်နယ်တွင်း ဝန်ဆောင်မှုများ ပြန်လည်ဖွင့်လှစ်ပြီဖြစ်ကြောင်း သိရသည်။

ရှန်ဟိုင်းမြို့လယ်ဧရိယာတွင်လည်း ဈေးဝယ်စင်တာများ၊ စတိုးဆိုင်များနှင့် ကော်ဖီဆိုင်များကိုလည်း ဖွင့်လှစ်ပြီဖြစ်သဖြင့် မွန်းတည့်ချိန်အထိ ပြည်သူများ သွားလာနေကြသည်ကို တွေ့ရသည်။

Oriental Pearl Radio နှင့် TV Tower အပါအဝင် အထိမ်းအမှတ်နေရာများ အပါအဝင် အေ (A) အဆင့် ခရီးသွားဧည့်သည်ဆွဲဆောင်ရာနေရာ ၃၂ ခုကိုလည်း ဇွန် ၁ ရက်တွင် ဖွင့်လှစ်ခဲ့သည်။ ထို့အတူ ရှန်ဟိုင်းမြို့ရှိ ရှုမျှော်ခင်းကြည့်နေရာများကိုလည်း ခရီးသွားဧည့်သည်များအား ကြိုဆိုရန် ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်သည်။

ရှန်ဟိုင်းအနေဖြင့် စီးပွားရေးလုပ်ငန်းများအား အခက်အခဲများ ကျော်လွှားရန်၊ ထုတ်လုပ်မှုနှင့် လုပ်ငန်းလည်ပတ်မှုများ ဖြစ်နိုင်သမျှမြန်မြန် ပြန်လည်စတင်ရန်နှင့် စီးပွားရေးနှင့် လူမှုအဖွဲ့အစည်း လမ်းကြောင်းပေါ်သို့ ဖြစ်နိုင်သမျှ မြန်မြန်ဆန်ဆန်ပြန်လည် ဆောင်ကြဉ်းရန် အစွမ်းကုန်ကူညီပေးသွားမည် ဖြစ်ကြောင်း ရှန်ဟိုင်း မြူနီစပယ်အစိုးရက မကြာသေးမီက ပြောကြားခဲ့သည်။

ထို့ပြင် ကွန်တိန်နာတင်သင်္ဘော “Merete Maersk” သည်လည်း စီစဉ်ထားသည့်အတိုင်း တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းဆိပ်ကမ်းသို့ ထွက်ခွာသွားကြောင်း ရှန်ဟိုင်း အကောက်ခွန်ဌာနက အတည်ပြုခဲ့သည်။

ရှန်ဟိုင်းမြို့ရှိ ဆိပ်ကမ်းများတွင် ကုန်စည်ပမာဏနှင့် နိုင်ငံခြားကုန်သွယ်မှုများမှာ ဧပြီလနှောင်းပိုင်းမှစ၍ ဖြည်းဖြည်းချင်း ပြန်လည်ကောင်းမွန်လာကာ တည်ငြိမ်လာခဲ့ကြောင်း သိရသည်။

ရှန်ဟိုင်းမြို့တွွင် မေ ၃၁ ရက်က ကိုဗစ်-၁၉ ဒေသတွင်းကူးစက်မှု ၅ ဦးနှင့် ရောဂါလက္ခဏာမပြဘဲ ဒေသတွင်းကူးစက်မှု ၁၀ ဦးရှိသည်ဟု အတည်ပြုခဲ့ကြောင်း မြူနီစီပယ် ကျန်းမာရေးကော်မရှင်က ဇွန် ၁ ရက်၌ ပြောခဲ့သည်။

ရှန်ဟိုင်းမြို့၌ မေ ၃၁ ရက်အထိ ဒေသတွင်းကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအသစ် အရေအတွက်မှာ သုံးရက်ဆက်တိုက် အရေအတွက်နှစ်ဆကျဆင်းခဲ့ကြောင်း၊ ဒေသခံများကလည်း ကူးစက်ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေး ကြိုးပမ်းအားထုတ်မှုများကို ယုံကြည်မှုရှိကြောင်း ပြသလျက်ရှိသလို လုပ်ငန်းခွင်လည်း ဝင်ရောက်လျက်ရှိကြောင်း သိရသည်။ (Xinhua)

…………………………………………
(English Version)
Shanghai returning to normalcy as epidemic wanes

Source: Xinhua

Editor: huaxia

2022-06-02 00:10:15
SHANGHAI, June 1 (Xinhua) — As the Shanghai Customs House clock struck midnight on the Bund, the traffic linking the two sides of the Huangpu River had been fully restored, the barricades at some scenic spots had been removed and private cars appeared again on main roads.
As of Wednesday, June 1, Shanghai has largely returned to normal production and life after two months of closed-off management to contain the COVID-19 resurgence.
The Shanghai municipal government sent an online letter on Wednesday morning thanking its 25 million residents for their support and efforts. The letter said that after more than two months of continuous fighting, the arduous battle to defend the city has achieved major results, and Shanghai had entered the stage of resuming normal production and life.
More than 600,000 cases have been reported in this recent wave of COVID-19. The majority of the patients have now been discharged from hospital, and on Tuesday, the largest makeshift hospital for COVID-19 patients in Shanghai was closed down.
“On such a special Children’s Day, I see more hope and believe that I, my family and the city can recover gradually,” said Xiao Jing, who was discharged from hospital on Wednesday, along with her mother.
On the same day, most taxis and car-hailing services in Shanghai resumed normal operations. All 20 subway lines in the city resumed partial operations, and the three railway stations reopened their inter-provincial services.
By noon, downtown areas of Shanghai were seeing larger numbers of people moving around, as more shopping malls, stores and cafes opened up.
A total of 32 A-level tourist attractions, including the landmark Oriental Pearl Radio and TV Tower, opened to the public on Wednesday. With time, more scenic spots in the city will reopen to welcome tourists.
The municipal government said recently that it will do its utmost to help enterprises overcome their difficulties, resume production and operations as soon as possible, and bring the economy and society back on track as soon as possible.
The Shanghai customs confirmed that the container ship “Merete Maersk” set sail for north China’s Tianjin Port as planned.
Data shows that the cargo volume and foreign trade at ports in Shanghai have gradually recovered and stabilized since late April.
The city reported five confirmed locally transmitted COVID-19 cases and 10 local asymptomatic cases on Tuesday, the municipal health commission said Wednesday.
As of Tuesday, the number of new confirmed locally transmitted COVID-19 cases in Shanghai has dropped to double digits for three consecutive days. Residents have shown confidence in both epidemic prevention and control efforts, and the resumption of work. ■
Photo 1 : People visit a park in Xujiahui area of Shanghai, east China, June 1, 2022. (Xinhua/Liu Ying)
Photo 2 : Travelers line up at the waiting area of Shanghai South Railway Station in east China’s Shanghai, June 1, 2022. (Xinhua/Ding Ting)
Photo 3 : People sit on a viewing platform at the Bund area in east China’s Shanghai, June 1, 2022. (Xinhua/Ding Ting)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.