Connect with us

Latin America

ကာဂျစ္စတန်သမ္မတက နိုင်ငံခြားရေးဝန်ကြီးအား တာဝန်မှရပ်စဲ

တာဝန်မှ ရပ်စဲခံရသည့် နိုင်ငံခြားရေးဝန်ကြီး Ruslan Kazakbaev အားတွေ့ရစဉ် (ဓာတ်ပုံ-ကာဂျစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာန)

ဘစ်ရှ်ကက်၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)

ကာဂျစ္စတန် နိုင်ငံခြားရေးဝန်ကြီး Ruslan Kazakbaev အား ဧပြီ ၂၂ ရက်တွင် တာဝန်မှရပ်စဲကြောင်း ကာဂျစ္စတန်သမ္မတ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်ခဲ့သည်။

တာဝန်မှရပ်စဲသည့်အမိန့်အား သမ္မတ Sadyr Zhaparov က ဧပြီ ၂၂ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။
၎င်းအားတာဝန်မှရပ်စဲခြင်းအပေါ် အကြောင်းပြချက်ပေးခြင်းမရှိဘဲ သမ္မတ Zhaparov က နောက်ထပ်အမိန့်တစ်ခုဖြင့် Jeenbek Kulubaev အား ယာယီနိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ကြောင်း သမ္မတ၏ပြန်ကြားရေးဌာန က ထုတ်ပြန်ချက်၌ ဆိုသည်။

Kazakbaev အနေဖြင့် ၂၀၂၀ပြည့်နှစ် အောက်တိုဘာလကတည်းက ကာဂျစ္စတန်နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ Kulubaev သည် နိုင်ငံခြားရေးဝန်ကြီးအဖြစ်တာဝန်မထမ်းဆောင်မီ ကာဂျစ္စတန်နိုင်ငံ အစိုးရ၏ နိုင်ငံခြားရေးမူဝါဒဌာနတွင် အကြီးအကဲအဖြစ်တာဝန်ထမ်းဆောင် ခဲ့သည်။ (Xinhua)

…………………………………
(English Version)
Kyrgyz president dismisses foreign minister
BISHKEK, April 22 (Xinhua) — Ruslan Kazakbaev was relieved of his post as foreign minister of Kyrgyzstan on Friday, the Kyrgyz president’s press service said.
The corresponding decree was signed on Friday by President Sadyr Zhaparov.
By another decree, Zhaparov appointed Jeenbek Kulubaev as acting minister of foreign affairs, the president’s press service said, without providing reasons for the dismissal.
Kazakbaev has served as Kyrgyz foreign minister since October 2020. Kulubaev previously served as head of the Foreign Policy Department of the Presidential Administration of Kyrgyzstan. Enditem