Connect with us

China

တရုတ်-လာအိုရထားလမ်းမှတစ်ဆင့် ပထမဆုံး နိုင်ငံတကာကုန်တင်ရထားဝန်ဆောင်မှု လျောင်နင် စတင်

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်ပြည်နယ် စိန်ရန်မြို့မှထွက်ခွာလာပြီး တရုတ်-လာအိုရထားလမ်းမှတစ်ဆင့် ပြေးဆွဲနေသော လျောင်နင်၏ ပထမဆုံး နိုင်ငံတကာကုန်တင်ရထားအား ဧပြီ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

စိန်ရန်၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်ပြည်နယ်သည် တရုတ်-လာအိုရထားလမ်းမှတစ်ဆင့် ပထမဆုံး နိုင်ငံတကာကုန်တင်ရထားကို ဧပြီ ၂၂ ရက်၌ ပြေးဆွဲခဲ့ကြောင်း ဒေသဆိုင်ရာ ရထားအာဏာပိုင်များ ပြောကြားချက်အရ သိရသည်။

စက်မှုနှင့်လျှပ်စစ် ထုတ်ကုန်များ၊ နေ့စဉ်သုံးပစ္စည်းများနှင့် မော်တော်ကား အစိတ်အပိုင်းများ အပါအဝင် ကုန်စည် 25 forty-foot ကွန်တိန်နာများ တင်ဆောင်ထားသော လျောင်နင်၏ ပထမဆုံး တရုတ်-လာအို နိုင်ငံတကာ ကုန်တင်ရထားသည် ပြည်နယ်မြို့တော် စိန်ရန်မှ လာအိုနိုင်ငံ ဗီယင်ကျန်းသို့ ဧပြီ ၂၂ ရက် နံနက် ၁၀:၁၈ နာရီက ထွက်ခွာသွားခဲ့သည်။

နိုင်ငံတကာကုန်တင်ရထားဝန်ဆောင်မှု လည်ပတ်ခြင်းသည် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများကြား ရထားလမ်းမှတစ်ဆင့် ကုန်သွယ်မှုစတင်ခြင်း အထိမ်းအမှတ်ဖြစ်ကြောင်း China Railway Shenyang Group ကုမ္ပဏီလီမိတက်မှ Wang Xiaodong ပြောကြားချက်အရ သိရသည်။

အဆိုပါ နယ်စပ်ဖြတ်ကျော်ရထားသည် ၁၀ ရက်အတွင်း ရောက်ရှိမည်ဖြစ်ကာ ရေလမ်းခရီးဖြင့် တင်ပို့ပါက သယ်ယူပို့ဆောင်ရေးကြာမြင့်ချိန်ကို ၅ ရက်မှ ၁၀ ရက်ထက်မနည်း သက်သာစေမည်ဟု ခန့်မှန်းထားကြောင်း ရထားလမ်းဝန်ဆောင်မှု ဖြစ်မြောက်ရေးစီစဉ်သူများအနက် တစ်ဦးဖြစ်သော Chengtong Industrial Investment ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ Gao Zengli က ပြောခဲ့သည်။

ထို့ပြင် သယ်ယူပို့ဆောင်ရေးနည်းလမ်းသစ်သည် သယ်ယူပို့ဆောင်စဉ်အတွင်း ကုန်စည်များ ဆုံးရှုံးမှုကို ထိရောက်စွာ ကာကွယ်ပေးနိုင်မည်ဖြစ်သလို ကပ်ရောဂါနှင့် အခြားကြိုတင်မခန့်မှန်းနိုင်သော အခြေအနေများ၏ သက်ရောက်မှုကို လျှော့ချပေးနိုင်မည်ဖြစ်ကြောင်း Gao က ဆိုသည်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃ ရက်က စတင်ပြေးဆွဲခဲ့သော တရုတ်-လာအို ရထားလမ်းသည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် မြို့တော် ကူမင်းနှင့် လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်းမြို့နှင့် ချိတ်ဆက်ထားသည့် ကီလိုမီတာ ၁,၀၀၀ ကျော် ရှိကြောင်း သိရသည်။ (Xinhua)

…………………………………………
(English Version)
Liaoning launches first int’l freight train service via China-Laos Railway
Source: Xinhua
Editor: huaxia
2022-04-23 01:00:15
SHENYANG, April 22 (Xinhua) — Northeast China’s Liaoning Province launched its first international freight train that runs via the China-Laos Railway on Friday, according to the local railway authorities.
At 10:18 a.m. Friday, Liaoning’s first China-Laos international freight train departed from Shenyang, the capital city of the province, for Laotian capital Vientiane, loaded with 25 forty-foot containers of cargo including mechanical and electrical products, daily necessities and auto parts.
According to Wang Xiaodong with China Railway Shenyang Group Co., Ltd., the operation of the international freight train service marked the beginning of the trade via railway between northeast China and ASEAN countries.
The cross-border train was expected to arrive in Laos in 10 days, which is five to 10 days less than the transportation period of sea shipping, said Gao Zengli, chairman of Chengtong Industrial Investment Co., Ltd., one of the organizers of the service.
In addition, the new transportation method can effectively prevent the loss of goods during transportation, and reduce the impact of the pandemic and other force majeure factors, Gao said.
The China-Laos Railway, which kicked off operation on Dec. 3, 2021, stretches over 1,000 km, linking Kunming, the capital of southwest China’s Yunnan Province, with the Laotian capital Vientiane. ■
Photo : Aerial photo taken on April 22, 2022 shows Liaoning’s first international freight train that runs via the China-Laos Railway departing from Shenyang, northeast China’s Liaoning Province. (Xinhua/Yang Qing)