Connect with us

China

ရေလယ်ဗယ်လျော့ကျမှုကြောင့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်ရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး၏ အောက်ခြေပိုင်း ပေါ်ထွက်လာ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်၊ လဲ့ဆန်းမြို့တွင် ရေလယ်ဗယ်နိမ့်ကျမှုကြောင့် လဲ့ဆန်း ဗုဒ္ဓရုပ်ပွားတော်ကြီး၏ အောက်ခြေပိုင်းပေါ်ထွက်လာသည်ကို ၂၀၂၂ ခုနှစ် ဩဂုတ် ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လဲ့ဆန်း၊ ဩဂုတ် ၂၄ ရက် (ဆင်ဟွာ)

ယန်ဇီမြစ်၏ မြစ်လက်တက် သုံးခုတွင် စိုးရိမ်ဖွယ် မိုးခေါင်ရေရှားမှုကြောင့် ရေလယ်ဗယ်လျော့ကျမှုကြုံတွေ့နေပြီး တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်၊ လဲ့ဆန်းမြို့ အပြင်ဘက်တွင် တည်ရှိသော ယူနက်စကို (UNESCO) ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်တစ်ခုဖြစ်သည့် လဲ့ဆန်း ဗုဒ္ဓရုပ်ပွားတော်ကြီး၏ အောက်ခြေပိုင်း ပေါ်ထွက်လာခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်၊ လဲ့ဆန်းမြို့တွင် ရေလယ်ဗယ်နိမ့်ကျမှုကြောင့် လဲ့ဆန်း ဗုဒ္ဓရုပ်ပွားတော်ကြီး၏ အောက်ခြေပိုင်းပေါ်ထွက်လာသည်ကို ၂၀၂၂ ခုနှစ် ဩဂုတ် ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်၊ လဲ့ဆန်းမြို့တွင် ရေလယ်ဗယ်နိမ့်ကျမှုကြောင့် လဲ့ဆန်း ဗုဒ္ဓရုပ်ပွားတော်ကြီး၏ အောက်ခြေပိုင်းပေါ်ထွက်လာသည်ကို ၂၀၂၂ ခုနှစ် ဩဂုတ် ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်၊ လဲ့ဆန်းမြို့တွင် ရေလယ်ဗယ်နိမ့်ကျမှုကြောင့် လဲ့ဆန်း ဗုဒ္ဓရုပ်ပွားတော်ကြီး၏ အောက်ခြေပိုင်းပေါ်ထွက်လာသည်ကို ၂၀၂၂ ခုနှစ် ဩဂုတ် ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါ ဗုဒ္ဓရုပ်ပွားတော်ကြီးကို လဲ့ဆန်းတောင်ရှိ ကျောက်သားနံရံ၌ ထွင်းထုထားပြီး မင်းကျန်း ၊ ချင်းရီး နှင့် တာ့သု မြစ်သုံးစင်းဆုံရာနေရာ၌ တည်ရှိသည်။ ယင်းဗုဒ္ဓရုပ်ပွားတော်ကြီးကို ထန်မင်းဆက် (၆၁၈-၉၀၇) အတွင်း သက္ကရာဇ် ၇၁၃ ခုနှစ်တွင် စတင်တည်ထားခြင်း ဖြစ်ပြီး ဘုရားတည်ရန် နှစ်ပေါင်း ၉၀ ကြာမြင့်ခဲ့သည်။

ကျန်းဆူး၊ အန်းဟွေး၊ ဟူပေ၊ ကျဲ့ကျန်း၊ ဖူကျန့်၊ ကျန်းရှီး၊ ဟူနန်၊ ကွေ့ကျိုး၊ ချုံချင့်၊ စီချွမ်း၊ ဆန်ရှီး၊ ကန်းစုနှင့် တိဗက်၏ တစ်စိတ်တစ်ပိုင်းနေရာများတွင် မိုးခေါင်ရေရှားမှုကို အလယ်အလတ်မှ ပြင်းထန်သောအဆင့်အထိ ကြုံတွေ့နေရကြောင်း အမျိုးသား မိုးလေဝသစင်တာ အရ သိရသည်။ (Xinhua)

………………………………………………

(English Version)
Low water levels cause Giant Buddha’s base exposed in SW China’s Sichuan
LESHAN, Aug. 24 (Xinhua) — Drought-triggered water level decrease in three Yangtze River tributaries has exposed a look of the base section of the Leshan Giant Buddha, a UNESCO world heritage site situated outside the city of Leshan, southwest China’s Sichuan Province.
The Buddha statue, carved into a cliff in Leshan Mountain and overlooking three converging rivers, namely the Minjiang, Qingyi and Dadu rivers, was built over a 90-year period beginning in 713 during the Tang Dynasty (618-907).
Parts of Jiangsu, Anhui, Henan, Hubei, Zhejiang, Fujian, Jiangxi, Hunan, Guizhou, Chongqing, Sichuan, Shaanxi, Gansu and Tibet have been affected by moderate to severe droughts, according to the National Meteorological Center. xhtxs.cn/yZE
Photo 1 – 4 : Photo taken with a drone on Aug. 23, 2022 shows the Leshan Giant Buddha with its base section exposed as a result of low water levels in Leshan, southwest China’s Sichuan Province. (Xinhua/Shen Bohan)