Connect with us

COVID-19 UPDATES

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ ကပ်ရောဂါတိုက်ဖျက်ရေးကတိကဝတ်ကို WEF ချီးကျူးပြောကြား

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ရှိ ဖနွမ်းပင် နိုင်ငံတကာလေဆိပ်တွင် Sinovac COVID-19 ကာကွယ်ဆေးများ ရောက်ရှိလာသည်ကို မတ် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဒါဗို့စ်၊ ဆွစ်ဇာလန်၊ မေ ၂၆ ရက် (ဆင်ဟွာ)

ကိုဗစ်-၁၉ (COVID-19) ကပ်ရောဂါကြောင့် ဖြစ်ပွားခဲ့သော ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေး အကျပ်အတည်းဖြစ်ပွားနေသည့်ကြားမှ “လူသားမျိုးနွယ်အတွက် ဘုံကျန်းမာရေးအသိုက်အဝန်း” တည်ဆောက်ရန် တရုတ်နိုင်ငံ၏ တိုက်တွန်းပြောကြားမှုကို ကမ္ဘာ့စီးပွားရေးဖိုရမ် (WEF) ၊ ကျန်းမာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု အနာဂတ်ကိုပုံဖော်ခြင်း၊ အကြီးအကဲ Shyam Bishen က ကြိုဆိုခဲ့သည်။

နီကာရာဂွာနိုင်ငံ မန်နာဂွာမြို့ရှိ လေဆိပ်တွင် တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ပို့ဆောင်နေသော ဝန်ထမ်းများအား ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆောင်တူမေးနှင့် ပရင်စီပီ (Sao Tome and Principe) နိုင်ငံ မြို့တော် ဆောင်တူမေး အပြင်ဘက်တွင် တရုတ်နိုင်ငံမှ ကျွမ်းကျင်ပညာရှင်အဖွဲ့က လူထုကာကွယ်ဆေးထိုးနှံခြင်း (MDA) ကမ်ပိန်းအား ၂၀၂၁ ခုနှစ် ဇူလိုင် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေး

“တရုတ်နိုင်ငံအစိုးရနဲ့ သမ္မတ ရှီတို့ဆီကနေ လတ်တလောဖြစ်ပွားနေတဲ့ (ကိုဗစ်-၁၉) ကပ်ရောဂါတိုက်ဖျက်ဖို့ ရန်ပုံငွေရော အရင်းအမြစ်တွေရော နှစ်ခုလုံးအတွက် ကတိကဝတ်ကို WEF က ကျေးဇူးတင်ပါတယ်” ဟု ဒါဗို့စ်မြို့တွင် မေ ၂၅ ရက်က ပြုလုပ်ခဲ့သော ကမ္ဘာ့စီးပွားရေးဖိုရမ် (WEF) နှစ်ပတ်လည်အစည်းအဝေး ကျင်းပနေစဉ် သီးသန့်တွေ့ဆုံမေးမြန်းရာ၌ Bishen က ဆင်ဟွာသို့ ပြောကြားခဲ့သည်။

ကိုဗစ်ကာကွယ်ဆေး ဖော်ထုတ်ရရှိမှု ပြဿနာများကို ကျန်းမာရေးအရည်အသွေးနှင့် ဆက်စပ်မှုရှိသော ပြဿနာဟု အမည်တပ်လျက် ၎င်းက အလေးထားပြောခဲ့သည်။

“ပြဿနာက ကာကွယ်ဆေးအများဆုံးထုတ်လုပ်တဲ့ ချမ်းသာတဲ့နိုင်ငံတွေကဖြစ်လာသလို ဖွံ့ဖြိုးပြီးကမ္ဘာမှာရှိတဲ့ ဒေသအချို့က အာရုံစူးစိုက်လုပ်နေတာဖြစ်ပါတယ်။ ဒါဟာ အာဖရိကနှင့် ကမ္ဘာပေါ်ရှိ အခြားသောဒေသများရှိ ဖွံ့ဖြိုးဆဲ ဝင်ငွေနည်းနှင့် ဝင်ငွေအလယ်အလတ်နိုင်ငံတွေဆီ ကာကွယ်ဆေးရရှိဖို့ အလွန်ခက်ခဲတယ်” ဟု Bishen က ပြောခဲ့သည်။

“အခုထိတောင်မှ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ကာကွယ်ဆေးပိုလျှံနေချိန်မှာ အာဖရိကလူဦးရေရဲ့ ၁၆-၁၇ ရာခိုင်နှုန်းလောက်ပဲ ကာကွယ်ဆေးထိုးနှံရပါသေးတယ်” ဟု ကာကွယ်ဆေးထုတ်လုပ်မှုစွမ်းရည် ပိုမိုဖြန့်ဖြူးနိုင်ရန်အတွက် ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က အရေးပေါ်အသုံးပြုရန်ခွင့်ပြုချက်ရရှိထားသော စာရင်းဝင် ကိုဗစ်ကာကွယ်ဆေး ၃ မျိုးထက်မနည်းဖြင့် အရေးပါသောကူညီပံ့ပိုးမှု ပြုလုပ်နေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“တရုတ်နိုင်ငံမှ ကိုဗစ်ကာကွယ်ဆေးကို ဖွံ့ဖြိုးဆဲနိုင်ငံများစွာမှာ အသုံးပြုနေပါတယ်။ တရုတ်နိုင်ငံဟာ ကောင်းမွန်တဲ့ ပံ့ပိုးကူညီမှုတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

သာတူညီမျှ ကျန်းမာရေး

“လူမှုရေးအဆုံးအဖြတ်တွေကြောင့်နဲ့ ကောင်းမွန်တဲ့ပညာရေးမရရှိတဲ့ လူအဖွဲ့အစည်းမှာ ဆင်းရဲနွမ်းပါးမှုနဲ့ မညီမျှမှုတွေကြောင့် ကျန်းမာရေးစောင့်ရှောက်မှုထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုတွေ ရရှိဖို့က စိန်ခေါ်မှုတွေရှိနေတယ်” ဟု Bishen က ပြောခဲ့သည်။

“သူတို့အနေနဲ့ သယ်ယူပို့ဆောင်ဖို့ သို့မဟုတ် ကောင်းမွန်တဲ့အစားအသောက်တွေ ပို့ဆောင်ဖို့တွေ မရရှိကြပါဘူး။ ဒါဟာ ကျန်းမာရေးမညီမျှမှုတွေ ဖြစ်စေပါတယ်။ တစ်ချိန်တည်းမှာပဲ ပြည်သူတွေက သူတို့နေထိုင်ရတဲ့ နေရာတွေနဲ့ လူမှု-စီးပွားရေး အခြေအနေတွေကြောင့် ကျန်းမာရေးစောင့်ရှောက်မှုထုတ်ကုန်တွေ မရရှိကြပါဘူး” ဟု ၎င်းက မှတ်ချက်ပြုခဲ့သည်။

“ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ ကမ္ဘာတစ်ဝန်း၊ ဘယ်လိုပထဝီဝင်အနေအထားမဆို ထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုတွေ ရရှိနိုင်တဲ့ ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေးအရည်အသွေးတွေကို ဆောင်ကြဉ်းပေးနိုင်ရေးအတွက် ပုဂ္ဂလိကမိတ်ဖက်လုပ်ငန်းတွေ ဖန်တီးပေးဖို့ ကျွန်တော်တို့ ကြိုးပမ်းနေပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

နောက်ထပ်ကပ်ရောဂါကို မျှော်မှန်းပြီးတော့ ရောဂါဖြစ်ပွားစေသောပစ္စည်း စောင့်ကြည့်ခြင်းနှင့် အချိန်နှင့်တစ်ပြေးညီ အချက်အလက်မျှဝေခြင်း အပါအဝင် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ဦးမည်ဖြစ်ကြောင်း Bishen က ဆိုသည်။

“အကယ်၍ (နောက်ထပ်ကပ်ရောဂါ) ဖြစ်ပွားရင် ကာကွယ်ဆေးအလွယ်တကူရရှိဖို့၊ ရောဂါရှာဖွေမှုအပြင် ကုသမှု လွယ်ကူစေဖို့တွေကတစ်ဆင့် ကပ်ရောဂါ ထိန်းချုပ်ရေးကို ကောင်းကောင်းနဲ့ သေသေချာချာလုပ်ချင်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

………………………………………………
(English Version)
WEF applauds China’s commitment to combat COVID-19 pandemic: senior healthcare executive

Source: XinhuaEditor: huaxia2022-05-26 05:25:45

DAVOS, Switzerland, May 25 (Xinhua) — Shyam Bishen, head of Shaping the Future of Health and Healthcare at the World Economic Forum (WEF), welcomed China’s calling for the building of “a community of common health for mankind” amid the global public health crisis caused by the COVID-19 pandemic.

COMBATING COVID-19

“The WEF applauds this commitment from the government of China and President Xi… of both funding and resources to combat the ongoing (COVID-19) pandemic,” Bishen told Xinhua in an exclusive interview on the sidelines of the World Economic Forum (WEF) Annual Meeting here on Wednesday.

He also underlined the problems of access of developing countries to COVID vaccines, naming it a problem that links to health equity.

“The problem was that most of the production for vaccine was coming from rich nations and was concentrated in just certain areas in the developed world. It was very hard to get out vaccines to developing low and middle-income countries in Africa and other parts of the world,” said Bishen.

“Even now we only have about 16-17 percent of the African population vaccinated, whereas there is an oversupply of vaccine in the developed world,” he said, urging for a more distributed vaccine manufacturing capacity.

China, he said, has made a significant contribution with its at least three listed COVID vaccines approved for emergency use by the World Health Organization (WHO).

“COVID vaccines from China are being used in many developing countries. China has made very good contributions,” he said.

HEALTH EQUITY

“We have challenges with regard to the access to health care products and services because of the social determinants, and because of poverty and inequality in society where many people do not have access to good education,” Bishen said.

“They don’t have access to transport or to good food, and that leads to health inequality,” he noted. “At the same time, people don’t have access to health care products because of the places or the regions they are living, and because of their social-economic situation.”

“We are trying at the World Economic Forum to create public-private partnerships to bring about better health equity so that products and services can be made available across the world, irrespective of the geography,” he added.

Looking ahead to the next pandemic, Bishen said it would require global cooperation, including a pathogen surveillance and timely share of information.

“If (the next pandemic) happens, we want to make sure we do a better job of controlling that pandemic through easy access to vaccines, easy access to diagnostics, as well as treatments,” he said. ■
Photo 1 : Photo taken on March 29, 2022 shows packages of Sinovac COVID-19 vaccine at the Phnom Penh International Airport in Phnom Penh, Cambodia. (Photo by Ly Lay/Xinhua)
Photo 2 : Staff members convey Chinese COVID-19 vaccines at an airport in Managua, Nicaragua, Dec. 24, 2021. (Xinhua/Xin Yuewei)
Photo 3 : File photo taken on July 24, 2021 shows a site of a mass drug administration (MDA) campaign launched by China’s expert team at the outskirts of Sao Tome, capital of Sao Tome and Principe. (Xinhua)