Connect with us

Eastern Europe

Donetsk, Lugansk, Zaporizhzhia နှင့် Kherson နယ်မြေလေးခုကို ရုရှားပိုင်နက်အဖြစ်သွတ်သွင်းရေး သဘောတူညီချက်များကို ရုရှားဒူးမားလွှတ်တော်အတည်ပြုလက်မှတ်ရေးထိုး

မော်စကို၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ အောက်လွှတ်တော်ဖြစ်သော ဒူးမားလွှတ်တော်က Donetsk, Lugansk, Zaporizhzhia နှင့် Kherson စသည့်နယ်မြေလေးခုအား ရုရှားနိုင်ငံပိုင်နက်အဖြစ် သွတ်သွင်းကြောင်း သဘောတူညီချက်များကို အတည်ပြုလက်မှတ်ရေးထိုးလိုက်ကြောင်း အောက်တိုဘာ ၃ ရက်က ထုတ်ပြန်ချက်၌ ပြောကြားထားသည်။
ဒူးမားလွှတ်တော် ကိုယ်စားလှယ်များက အဆိုပါဥပဒေပြဋ္ဌာန်းမှုကို တညီတညွတ်တည်း ဆန္ဒမဲပေးခဲ့ကြကြောင်း သိရသည်။

ရုရှားနိုင်ငံပိုင်နက်အဖြစ် သွတ်သွင်းလိုက်ခြင်းမှာ ယင်းနယ်မြေများတွင် နေထိုင်သော ပြည်သူများ၏ အခွင့်အရေးကို ကာကွယ်ရန် နည်းလမ်းတစ်ခုဖြစ်ကြောင်း ရုရှား ဒူးမားလွှတ်တော် ဥက္ကဋ္ဌ Vyacheslav Volodin က ဆန္ဒမဲပေးပြီးနောက် တယ်လီဂရမ်ပေါ်၌ ပြောကြားခဲ့သည်။ (Xinhua) xhtxs.cn/AkT
#Russia #StateDuma #Agreements #Ratify #Accession #Xinhua #Myanmar #XinhuaMyanmar #ရုရှား #ဒူးမားလွှတ်တော် #သဘောတူညီချက်များ #အတည်ပြုလက်မှတ်ရေးထိုး #သွတ်သွင်း #ဆင်ဟွာ

…………………………………………
Russia’s State Duma ratifies agreements on accession of Donetsk, Lugansk, Zaporizhzhia, Kherson to Russia
MOSCOW, Oct. 3 (Xinhua) — Russia’s lower house of parliament, the State Duma, ratified agreements on the accession of Donetsk, Lugansk, Zaporizhzhia and Kherson to Russia, it said on Monday in a statement.
Members of the State Duma unanimously voted in favor of the legislation.
The accession to Russia is a way to protect the rights of the people living in these territories, Chairman of the Russian State Duma Vyacheslav Volodin said in a Telegram post following the vote. xhtxs.cn/AkT