Connect with us

Videos

အမေရိကန်နိုင်ငံ Southern California ၏ ဝေဟင်ထက်ဝယ် လေကြောင်းပြပွဲ ပြုလုပ်

ကယ်လီဖိုနီးယား ၊ အောက်တိုဘာ ၃ရက် ၊ဆင်ဟွာ

အမေရိကန်နိုင်ငံ၏ အကြီးဆုံးလေကြောင်းပြပွဲများအနက် တစ်ခုဖြစ်သော ပစိဖိတ်လေကြောင်းပြပွဲကို ယခုသီတင်းပတ်အတွင်း Southern California ၏ ဝေဟင်ထက်ဝယ် ကျင်းပခဲ့သည်။စစ်ဘက်ဆိုင်ရာ လေယာဉ်ထုတ်လုပ်သူများနှင့် အရပ်ဘက်ဆိုင်ရာ တင်ဆက်ပြသသူများက သရုပ်ပြမှုအမျိုးမျိုး တင်ဆက်ပြသခဲ့သည်။
နှစ်စဉ်ပြုလုပ်သော လေကြောင်းပြပွဲကို Orange ခရိုင်၊ Huntington Beach ကမ်းခြေမြို့တွင် စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၂ ရက်အထိ ကျင်းပခဲ့သည်။

ယခုနှစ်ပြပွဲ၌ ဦးဆောင်ဝင်ရောက်ပြသသော အဖွဲ့များအနက် တစ်ဖွဲ့ဖြစ်သော “Thunderbirds” ဟု လူသိများသည့် အမေရိကန်လေတပ် လေယာဉ်တပ်ရင်း တစ်ရင်းက သင်္ဘော ၆ စင်း ပြသမှု အပါအဝင် စုစည်းတင်ဆက်မှုအသစ်နှင့် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ စစ်ရေးလေ့ကျင့်မှုများ တင်ဆက်ပြသခဲ့သည်။

ထပ်တိုး တင်ဆက်ပြသမှုများအဖြစ် F-35C, F-16, T-33, T6-A နှင့် B-25 တို့အပြင် ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်၏ နာမည်အကျော်ကြားဆုံး လေယာဉ်များအနက် တစ်ခုဖြစ်သည့် Mitchel Bomber တို့လည်း ပါဝင်ပြသကြောင်း သိရသည်။

၂၀၁၆ ခုနှစ်က စတင်ကျင်းပချိန်မှစ၍ အဆိုပါ လေကြောင်းပြပွဲကို Breitling Huntington Beach Airshow ဟု ပထမဆုံး ခေါ်ဝေါ်ခဲ့ပြီး နောက်ပိုင်း၌ Great Pacific Airshow ဟု ခေါ်ဆိုခဲ့ကာ တစ်နှစ်ထက်တစ်နှစ် လူသိများကျော်ကြားလာခဲ့ကြောင်း သိရသည်။
ယမန်နှစ်ပြပွဲတွင် လူပေါင်း ၃ သန်းကျော်က လေကြောင်းပြပွဲကျင်းပရန် Huntington Beach သို့ လာရောက်ခဲ့သည်။ (Xinhua)

#US #Annual #Airshow #Xinhua # Myanmar #XinhuaMyanmar #အမေရိကန် #လေကြောင်းပြပွဲ #ဆင်ဟွာ #မြန်မာ #ဆင်ဟွာမြန်မာ

——————————-

Annual airshow returns to skies over Southern California(TikTok)
The Pacific Airshow, one of the largest airshows in the United States, returned to the skies over Southern California this weekend, featuring demonstrations by military aviators and civilian performers.
The annual airshow kicked off at Huntington Beach, a seaside city in Orange County, on Friday and will run through Sunday. This year’s event will be headlined by the United States Air Force Air Demonstration Squadron, known

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.