Connect with us

North America

မက္ကဆီကိုနိုင်ငံသမ္မတက အမေရိကတိုက်နိုင်ငံများ ထိပ်သီးအစည်းအဝေးသို့ မတက်ရောက်

မက္ကဆီကိုနိုင်ငံ မက္ကဆီကိုစီးတီးမြို့ရှိ သမ္မတနန်းတော်၌ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၀ ရက်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်နေသော သမ္မတ Andres Manuel Lopez Obrador အားတွေ့ရစဉ်(ဆင်ဟွာ)

မက္ကဆီကိုစီးတီး ၊ ဇွန် ၇ ရက်(ဆင်ဟွာ)

အချို့နိုင်ငံများအား အမေရိကန်နိုင်ငံက ချန်လှပ်ထားခြင်းကြောင့် ယခုရက်သတ္တပတ်အတွင်း ကျင်းပပြုလုပ်မည့် အမေရိကတိုက်နိုင်ငံများထိပ်သီးအစည်းအဝေးသို့ တက်ရောက်လိမ့်မည်မဟုတ်ကြောင်း မက္ကဆီကိုနိုင်ငံသမ္မတ Andres Manuel Lopez Obrador က ဇွန် ၆ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။“ နိုင်ငံရေး ဩဇာလွှမ်းမိုး ခြယ်လှယ်ခြင်း အမူအကျင့်ကို ပြောင်းလဲရမယ့်အချိန်ရောက်လို့လာပါပြီ” ဟု မက္ကဆီကိုစီးတီးမြို့သမ္မတ နန်းတော်၌ ပြုလုပ်သော နေ့စဉ်ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် မက္ကဆီကိုသမ္မတက သတင်းသမားများအား ပြောကြားခဲ့သည်။

“ အမေရိကတိုက်က နိုင်ငံအားလုံးပါဝင်မှု မရှိဘူးဆိုရင်တော့ ဒါကို အမေရိကတိုက်နိုင်ငံများထိပ်သီးအစည်းအဝေးလို့ ခေါ်လို့မရနိုင်ပါဘူး” ဟု Lopez Obrador က ဆိုသည်။

ဆယ်စုနှစ်များစွာ စီးပွားရေးပိတ်ဆို့ခြင်းခံထားရသော ကျူဘားနိုင်ငံကဲ့သို့ နိုင်ငံအချို့အပေါ် “လေးစားမှုကင်းမဲ့နေတဲ့ ” အမေရိကန်၏ ရပ်တည်ချက်ကို ပြောင်းလဲပစ်ရန် မက္ကဆီကိုသမ္မတကတိုက်တွန်းတောင်းဆိုခဲ့သည်။

အမေရိကန်နိုင်ငံ လော့အိန်းဂျလိစ်မြို့၌ ဇွန် ၆ ရက်မှ ၁၀ ရက်အထိ ကျင်းပပြုလုပ်မည့် ယင်းထိပ်သီးအစည်းအဝေးသို့ မက္ကဆီကိုသမ္မတကိုယ်စား နိုင်ငံခြားရေးဝန်ကြီး Marcelo Ebrard က တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။

ချပ်လှပ်ခြင်းခံထားရသည့် ကျူဘား ၊ နီကာရာဂွေးနှင့် ဗင်နီဇွဲလား အပါအဝင် ဒေသတွင်းရှိ နိုင်ငံအားလုံးကို အမေရိကန်အစိုးရက ဖိတ်ကြားခြင်းမပြုပါက ထိပ်သီးအစည်းအဝေးကို တက်ရောက်မည်မဟုတ်ကြောင်း မက္ကဆီကိုသမ္မတ Lopez Obrador က လွန်ခဲ့သော ရက်သတ္တပတ်များတွင် ထုတ်ဖော်ကြေညာခဲ့သည်။(Xinhua)

————————–

(English version)

Mexican president confirms won’t attend Summit of the Americas
MEXICO CITY, June 6 (Xinhua) — Mexican President Andres Manuel Lopez Obrador confirmed Monday that he would not attend the Summit of the Americas this week due to the exclusion of some countries by the U.S. government.
“It’s time to change the dominant political practice,” the president told journalists during his daily press conference at the National Palace in Mexico City.
“There cannot be a Summit of the Americas if all the countries of the American continents do not participate,” Lopez Obrador insisted.
The president called for a change in the U.S. position, given its “lack of respect” for certain nations such as Cuba, which it has economically blockaded for decades.
Mexico will instead be represented by Secretary of Foreign Affairs Marcelo Ebrard at the summit, which will be held in the U.S. city of Los Angeles on June 6-10.
Lopez Obrador announced weeks ago that he would not attend the meeting if the U.S. government did not invite all regional countries, including Cuba, Nicaragua and Venezuela, which ultimately were excluded.

Photo- Mexican President Andres Manuel Lopez Obrador speaks during his morning press conference at the National Palace, in Mexico City, capital of Mexico, on Jan. 10, 2022. (Str/Xinhua)