Connect with us

International Organizations

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံ ရွေးချယ်

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (UNHRC) လိုဂိုကို တွေ့ရစဉ် (ဓာတ်ပုံ - UNHRC)

ကုလသမဂ္ဂ၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ အထွေထွေညီလာခံက ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ သုံးနှစ်တာသက်တမ်းအတွက် အဖွဲ့ဝင် ၄၇ နိုင်ငံပါဝင်သော လူ့အခွင့်အရေးကောင်စီတွင် တာဝန်ထမ်းဆောင်ရန် နိုင်ငံ ၁၅ နိုင်ငံကို အောက်တိုဘာ ၁၀ ရက်၌ ရွေးချယ်လိုက်ကြောင်း သိရသည်။

လျှို့ဝှက်မဲပေးမှုမှတစ်ဆင့် ဘူရွန်ဒီ၊ ကို့တ်ဒီဗွာ၊ ဂါနာ၊ မာလဝီ (အာဖရိက)၊ တရုတ်၊ အင်ဒိုနီးရှား၊ ဂျပန်၊ ကူဝိတ် (အာရှ-ပစိဖိတ်ဒေသ)၊ အယ်လ်ဘေးနီးယား၊ ဘူလ်ဂေးရီးယား (အရှေ့ဥရောပ)၊ ဘရာဇီး၊ ကျူးဘား၊ ဒိုမီနီကန်သမ္မတနိုင်ငံ (လက်တင်အမေရိကနှင့် ကာရေဘီယံ)၊ ပြင်သစ်၊ နယ်သာလန် (အနောက်ဥရောပနှင့် အခြားနိုင်ငံများ) တို့ကို ရွေးချယ်ခဲ့သည်။

တရုတ်၊ ကို့တ်ဒီဗွာ၊ ကျူးဘား၊ ပြင်သစ်နှင့် မာလဝီ စသည့်နိုင်ငံများက ပြန်လည်ရွေးချယ်ခံရခြင်းဖြစ်သည်။
ယခုနှစ်ကုန်တွင် လူ့အခွင့်အရေးကောင်စီမှ ထွက်ခွာရမည့်နိုင်ငံ ၁၀ နိုင်ငံမှာ ဂါဘွန်၊ ဆီနီဂေါ (အာဖရိက)၊ နီပေါ၊ ပါကစ္စတန်၊ ဥဇဘက်ကစ္စတန် (အာရှ-ပစိဖိတ်)၊ ချက်သမ္မတနိုင်ငံ၊ ယူကရိန်း (အရှေ့ဥရောပ)၊ ဘိုလီးဗီးယား၊ မက္ကဆီကို (လက်တင်အမေရိကနှင့် ကာရေဘီယံ) ၊ ဗြိတိန် (အနောက်ဥရောပနှင့် အခြားနိုင်ငံများ) တို့ဖြစ်သည်။

ဂျီနီဗာမြို့ အခြေစိုက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသည် ကမ္ဘာတစ်ဝန်း လူ့အခွင့်အရေး မြှင့်တင်ခြင်းနှင့် ကာကွယ်ခြင်းအတွက် တာဝန်ရှိသော အစိုးရအသီးသီးပါဝင်သည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။ (Xinhua)

………………………………
(English Version)
15 states elected members of UN Human Rights Council
UNITED NATIONS, Oct. 10 (Xinhua) — The UN General Assembly on Tuesday elected 15 states to serve in the 47-member Human Rights Council for a three-year term starting Jan. 1, 2024.
Through secret ballot, Burundi, Cote d’Ivoire, Ghana, Malawi (for Africa); China, Indonesia, Japan, Kuwait (for Asia-Pacific); Albania, Bulgaria (for Eastern Europe); Brazil, Cuba, the Dominican Republic (for Latin America and the Caribbean); France, the Netherlands (for Western Europe and other states), were elected.
China, Cote d’Ivoire, Cuba, France and Malawi were re-elected.
The Geneva-based UN Human Rights Council is an inter-governmental body responsible for promoting and protecting human rights around the world.
Ten states will leave the Human Rights Council by year-end: Gabon, Senegal (for Africa); Nepal, Pakistan, Uzebekistan (for Asia-Pacific); the Czech Republic, Ukraine (for Eastern Europe); Bolivia, Mexico (for Latin America and the Caribbean); Britain (for Western Europe and other states).
Photo: The logo of the United Nations Human Rights Council (UNHRC). (Credit: UNHRC)