Connect with us

Asia

တရုတ်နိုင်ငံက တည်ဆောက်ထားသော ရထားလမ်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ Padma တံတားမှတစ်ဆင့် ဖွင့်လှစ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Munshiganj ခရိုင်တွင် တရုတ်နိုင်ငံက တည်ဆောက်ထားသော Padma တံတားရထားလမ်းစီမံကိန်း၌ အဖွင့်ပြေးဆွဲရန် အလှဆင်ထားသော ရထားတစ်စင်းကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဒါကာ၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)

Padma Bridge Rail Link Project (PBRLP) ၏ ပထမဆုံးရထားသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ် ရှိတ်ဟာစီနာအား တင်ဆောင်လျက် မြို့တော် ဒါကာအပြင်ဘက်ရှိ ဘူတာရုံသစ်တစ်ခုမှ အောက်တိုဘာ ၁၀ ရက် ဒေသစံတော်ချိန် နေ့လယ် ၁၂:၅၉ နာရီက ထွက်ခွာသွားခဲ့ပြီး ယင်းနိုင်ငံရှိ အကြီးဆုံးရထားလမ်း၏ ပထမလမ်းပိုင်းကို တရားဝင်ဖွင့်လှစ်ခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက် (BRI) အောက်ရှိ အရေးပါသော စီမံကိန်းများအနက် တစ်ခုဖြစ်သည့် PBRLP ကို China Railway Group Limited (CREC) က တည်ဆောက်ခဲ့ပြီး Export-Import Bank of China က ရန်ပုံငွေပံ့ပိုးပေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ရထားလမ်း၏ ပထမဆုံးလမ်းပိုင်းသည် ဒါကာမြို့မှ Bhanga အထိ ကီလိုမီတာ ၈၀ ခန့် ရှည်လျားသည်။ Munshiganj ခရိုင်ရှိ Mawa ဘူတာတွင် အထင်ကရ ဖွင့်ပွဲအခမ်းအနားသို့ Munshiganj နှင့် အနီးဝန်းကျင်ရှိ ခရိုင်များမှ လူထောင်ပေါင်းများစွာ တက်ရောက်ခဲ့ကြသည်။

“ကျွန်တော်တို့ မျိုးဆက်မှာ ဒါမျိုးမြင်တွေ့ရမယ်လို့ ဘယ်တုန်းကမှ မထင်ထားတဲ့အတွက် အလွန်ပျော်ရွှင်ရပါတယ်” ဟု Munshiganj ဒေသခံ ရှိတ် အဇာ ဟိုဆင်က ဆင်ဟွာသို့ ပြောခဲ့သည်။

ဝန်ကြီးချုပ် ဟာစီနာက “Padma မြစ်ကို ရထားနဲ့ဖြတ်ကူးဖို့ အိပ်မက် ပြီးပြည့်စုံတဲ့နေ့ပါပဲ” ဟု ဖွင့်ပွဲအခမ်းအနား၌ ပြောကြားခဲ့သည်။
ရထားလမ်းတစ်ခုလုံး ၁၇၂ ကီလိုမီတာ ရှိသော ယင်းစီမံကိန်းကို ၂၀၂၄ ခုနှစ်တွင် ပြီးစီးရန် လျာထားကြောင်း သိရသည်။

အဆိုပါ ရထားလမ်းသည် ဒါကာမြို့နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်းဧရိယာရှိ ခရိုင် ၂၀ ခုကျော်ကို ချိတ်ဆက်ထားသည့် အရေးကြီးချန်နယ်တစ်ခုဖြစ်လာမည် ဖြစ်သလို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဒေသတွင်း ကွန်ရက်ချိတ်ဆက်မှုနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရန် အာရှဖြတ်ကျော် ရထားလမ်းကွန်ရက်၏ အရေးကြီး အစိတ်အပိုင်းတစ်ရပ်လည်း ဖြစ်သည်။ (Xinhua)

………………………………
(English Version)
Chinese-built railway opens via Bangladesh’s Padma Bridge
DHAKA, Oct. 11 (Xinhua) — As the first train of Padma Bridge Rail Link Project (PBRLP), carrying Bangladeshi Prime Minister Sheikh Hasina, departed from a new station on the outskirts of the capital Dhaka at 12:59 p.m. local time on Tuesday, the first section of the biggest railway in Bangladesh formally opened.
The PBRLP, one of significant projects under the Belt and Road Initiative (BRI) in Bangladesh, was built by the China Railway Group Limited (CREC) and funded by the Export-Import Bank of China.
The first section of the railway link is about 80 km long from Dhaka to Bhanga. Thousands of people from Munshiganj and adjacent districts witnessed the landmark inaugural ceremony in the Mawa station at the Munshiganj district.
“I am very happy because we never thought that our generation would see this,” Munshiganj resident Sheikh Azhar Hossain told Xinhua.
At the inaugural ceremony held before the train running, Hasina said, “It is the day of fulfilling the dream to cross the Padma river by train.”
The entire 172-km project, is scheduled for completion in 2024.
It will serve as a vital channel that connects Dhaka and more than 20 districts in the southern area of Bangladesh, and will also be an important part of the trans-Asian railway network to promote regional connectivity and economic development of Bangladesh.
Photo 1: Photo shows a decorated train awaiting inaugural run at the Chinese-built Padma Bridge Rail Link Project in Munshiganj, Bangladesh on Oct. 10, 2023. (Xinhua)