Connect with us

Media

လက်နက်ခဲယမ်းများ တင်ဆောင်လာသော ပထမဆုံး အမေရိကန်လေယာဉ် အစ္စရေးနိုင်ငံသို့ ရောက်ရှိ

ဂျေရုဆလမ်၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ)

ဂါဇာဒေသရှိ ဟားမက်စ်အဖွဲ့၊ လက်ဘနွန်နိုင်ငံရှိ စစ်သွေးကြွများနှင့် လက်ရှိ ပဋိပက္ခဖြစ်ပွားမှုကို အထောက်အကူဖြစ်စေရန် လက်နက်ခဲယမ်းများ တင်ဆောင်လာသော ပထမဆုံး အမေရိကန်လေယာဉ် အစ္စရေးနိုင်ငံသို့ အောက်တိုဘာ ၁၀ ရက် ညပိုင်းက ရောက်ရှိလာခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောခဲ့သည်။

အဆင့်မြင့်လက်နက်ခဲယမ်းများ တင်ဆောင်လာသော အဆိုပါ လေယာဉ်သည် အစ္စရေးနိုင်ငံ တောင်ပိုင်း Negev Desert ဒေသတွင် ဆင်းသက်ခဲ့ကြောင်း အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့ (IDF) ပြောရေးဆိုခွင့်ရှိသူ Daniel Hagari က ထုတ်ပြန်ချက်၌ ပြောကြားထားသည်။

ထို့ပြင် “ယခုဖြစ်ပွားနေသော စစ်ပွဲ အခြေအနေ အရှိန်မြင့်တက်စေမည့် တစ်စုံတစ်ရာလုပ်ဆောင်မှုများကို တားဆီးဟန့်တားနိုင်ရန်” အရှေ့အလယ်ပိုင်းပင်လယ်သို့ USS Gerald R. Ford Carrier Strike Group သင်္ဘောကြီး အောက်တိုဘာ ၁၀ ရက်က ရောက်ရှိခဲ့ကြောင်း အမေရိကန်ဗဟိုကွပ်ကဲရေးဌာနက ထုတ်ပြန်ချက်၌ ပြောခဲ့သည်။ (Xinhua)

………………………………
(English Version)
First U.S. plane carrying ammunition arrives in Israel
JERUSALEM, Oct. 10 (Xinhua) — The first American aircraft carrying ammunition arrived in Israel on Tuesday night to help the country in its ongoing conflict with Gaza’s ruling faction, Hamas, and militants in Lebanon, Israel’s military said.
The plane landed at the Nevatim Airbase in Israel’s southern Negev Desert, carrying “advanced ammunition,” Israel Defense Forces (IDF) Spokesperson Daniel Hagari said in a statement.
Also on Tuesday, the USS Gerald R. Ford Carrier Strike Group arrived in the Eastern Mediterranean Sea “in order to deter any actor seeking to escalate the situation or widen this war,” the U.S. Central Command said in a statement.