Connect with us

North America

ဘရာဇီးနိုင်ငံတွင် မြေပြိုမှုကြောင့် သေဆုံးသူ ၆၅ ဦးအထိရှိလာ

ဘရာဇီးနိုင်ငံ ဆောင်ပေါ်လိုပြည်နယ် Sao Sebastiao မြို့တွင် မြေပြိုကျသည့်နေရာအား ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Rovena Rosa/Agencia Brasil via Xinhua)

ဘရာဇီးနိုင်ငံ အရှေ့တောင်ပိုင်း ဆောင်ပေါ်လိုပြည်နယ် ကမ်းရိုးတန်းတစ်လျှောက်၌ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုနှင့် မြေပြိုကျခြင်းများကြောင့် သေဆုံးသူအရေအတွက်မှာ ၆၅ ဦးအထိ မြင့်တက်လာခဲ့ကြောင်း ဒေသခံအာဏာပိုင်များက ဖေဖော်ဝါရီ ၂၆ ရက်က ပြောကြားခဲ့သည်။

သေဆုံးသူများအနက် ၁၉ ဦးမှာ အရွယ်မရောက်သေးသူများဖြစ်ကြောင်း၊ ဘေးဒဏ်သင့်သူများအတွက် သက်သာရာရရှိစေရေး ဆက်လက်ဦးစားပေးရမည်ဖြစ်ကြောင်း ပြည်နယ်အစိုးရက ထုတ်ပြန်ချက်၌ ပြောကြားထားသည်။

စစ်တပ် တပ်ဖွဲ့ဝင်များ၊ မီးသတ်သမားများ၊ စေတနာ့ဝန်ထမ်းများနှင့် ကယ်ဆယ်ရေးသမားများသည် သေဆုံးသူများ၏ ရုပ်အလောင်းများရှာဖွေရန် ဆက်လက်တူးဖော်လျက်ရှိသလို ပျောက်ဆုံးသူများကို ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
Death toll from Brazil landslides rises to 65
The death toll has climbed to 65 a week after heavy rains sparked deadly floods and landslides along the coast of Brazil’s southeastern Sao Paulo state, local authorities said Sunday.
Among the fatal victims were 19 minors, the state government said in a statement, adding “the priority continues to be relief for the victims.”
Army troops, firefighters, volunteers and rescue workers are still digging to recover the bodies of the victims and search for people still missing. xhtxs.cn/E6a
Photo 1: This photo taken on Feb. 22, 2023 shows the location of a landslide in Sao Sebastiao, Sao Paulo, Brazil, on Feb. 22, 2023.(Rovena Rosa/Agencia Brasil via Xinhua)