Connect with us

Media

တရုတ်နိုင်ငံမြောက်ပိုင်းမြို့က ပထမဆုံး တရုတ်-ဥရောပ ကုန်တင်ရထား စတင်ပြေးဆွဲ

ရှီကျားကျွမ်း ၊ ဖေဖော်ဝါရီ ၂၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံမြောက်ပိုင်း ဟဲပေပြည်နယ် Langfang မြို့က ပထမဆုံး တရုတ်-ဥရောပ ကုန်တင်ရထားသည် ဖေဖော်ဝါရီ ၂၅ ရက်တွင် ဘူတာရုံမှ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

ပေ ၄၀ အရှည်ရှိသော ကုန်သေတ္တာ ၅၅ လုံးအား သယ်ဆောင်ထားသော ယင်းကုန်တင်ရထားသည် ကီလိုမီတာ ၇,၈၀၀ ခရီးအား ထွက်ခွာမောင်းနှင်ပြီး ၁၇ ရက်အကြာတွင် ရုရှားနိုင်ငံ မော်စကိုမြို့သို့ ရောက်ရှိမည် ဖြစ်သည်။

“ကုန်တင်ရထားက ကျွန်တော်တို့ ကုမ္ပဏီရဲ့ ငွေအရင်းအနှီးလည်ပတ်နှုန်းကို အရှိန်မြှင့်တင်ပေးနိုင်ပါတယ်။ ကုန်သေတ္တာတစ်လုံးစီရဲ့ သယ်ယူပို့ဆောင်ရေးစရိတ်ကို ယွမ် ၃,၀၀၀ ခန့် (အမေရိကန်ဒေါ်လာ ၄၃၁ )အထိ လျှော့ချပေးနိုင်ပါတယ်။ကျွန်တော်တို့ ကုမ္ပဏီက လစဉ် ကုန်သေတ္တာ ၁၅ လုံးကနေ အလုံး ၂၀ အထိ တင်ပို့နေတာကြောင့် ယွမ် ၄၀,၀၀၀ ကနေ ၆၀,၀၀၀ လောက် (အမေရိကန်ဒေါ်လာ ၅,၇၅၂ မှ ၈,၆၂၈ အထိ) သက်သာနိုင်ပါတယ်”ဟု ဒေသတွင်း e-commerce ကုမ္ပဏီ အထွေထွေမန်နေဂျာ YANG WEI က ပြောကြားခဲ့သည်။

ကုန်တင်ရထားဝန်ဆောင်မှုသည် ပေကျင်း-ထျန်းကျင်း-ဟဲပေ ဒေသ၏ ပူးပေါင်းဖွံ့ဖြိုးတိုးတက်မှုအား ထပ်မံမြှင့်တင်ရေးအတွက် အလွန်အရေးပါကြောင်း နှင့် ရပ်ဝန်းနှင့်ပိုးလမ်းမအဆိုပြုချက် တည်ဆောက်မှုအတွင်းသို့ ပေါင်းစည်းခြင်း ဖြစ်ကြောင်း မြို့ဖွံ့ဖြိုးတိုးတက်ရေး နှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်၏ ပြောကြားချက်အရ သိရသည်။ (Xinhua)

…………………………..
(English Version)
North China city launches first China-Europe freight train
The city of Langfang in north China’s Hebei Province saw its first China-Europe freight train leave the station Saturday.
The freight train, carrying 55 40-foot containers, will complete a journey of 7,800 km and arrive at its destination in Moscow 17 days later.
SOUNDBITE (Chinese): YANG WEI, General manager of local e-commerce company
“The freight train will help accelerate the capital turnover speed of our company. The transportation cost of each container will be reduced by around 3,000 yuan (431 U.S. dollars). Our company ships 15 to 20 containers each month, so it will save us about 40,000 to 60,000 yuan (5,752 to 8,628 U.S. dollars).”
According to the city’s development and reform commission, the freight train service is of great significance to further promoting the coordinated development of the Beijing-Tianjin-Hebei region and integrating into the construction of the Belt and Road Initiative.
Xinhua News Agency correspondents reporting from Shijiazhuang, China.
(XHTV)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.