Connect with us

North America

နာဆာနှင့် SpaceX တို့က Crew-6 လွှတ်တင်ရေးမစ်ရှင်ကို မတ် ၂ ရက်တွင် ထပ်မံဆောင်ရွက်ရန် ရည်မှန်းထား

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ရှိ ကနေဒီအာကာသစင်တာတွင် နိုင်ငံတကာအာကာသစခန်းသို့ လွှတ်တင်မည့် နာဆာ၏ SpaceX Crew-6 မစ်ရှင်ကို သယ်ဆောင်ထားသော SpaceX Falcon 9 ဒုံးပျံကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- SpaceX)

နာဆာ (NASA) နှင့် SpaceX တို့က ဖေဖော်ဝါရီ ၂၇ ရက်အစောပိုင်း၌ Crew-6 မစ်ရှင် လွှတ်တင်ရေးကြိုးပမ်းမှု မအောင်မမြင်ဖြစ်ခဲ့ပြီးနောက် မတ် ၂ ရက်တွင် ထပ်မံလွှတ်တင်ရန် ရည်မှန်းထားသည်။ နိုင်ငံတကာ အာကာသစခန်းသို့ Crew-6 မစ်ရှင်လွှတ်တင်ရေးမစ်ရှင်ကို မူလက ဖလော်ရီဒါပြည်နယ် ကနေဒီ အာကာသစင်တာရှိ Complex 39A လွှတ်တင်ရေးနေရာမှ ဖေဖော်ဝါရီ ၂၇ ရက် အရှေ့ပိုင်းစံတော်ချိန် နံနက် ၁:၄၅ နာရီ၌ လွှတ်တင်ရန် စီစဉ်ထားခြင်းဖြစ်သည်။ သို့ရာတွင် မြေပြင်စနစ်အခြေအနေတစ်ရပ်ကြောင့် လွှတ်တင်ရေးမစ်ရှင်မှာ မအောင်မြင်ခဲ့ကြောင်း သိရသည်။ (Xinhua) xhtxs.cn/E7I
………………………………
NASA, SpaceX target March 2 for next available Crew-6 launch attempt
NASA and SpaceX are now targeting Thursday, March 2, for next available Crew-6 launch attempt after the original launch attempt was scrubbed early Monday. The launch of the Crew-6 mission to the International Space Station was originally scheduled at 1:45 a.m. Monday Eastern Time from Launch Complex 39A at the Kennedy Space Center in Florida. But the launch was called off due to a ground systems issue. xhtxs.cn/E7I
Photo 1: Photo posted on Feb. 27, 2023 shows a SpaceX Falcon 9 rocket carrying Crew Dragon on NASA’s SpaceX Crew-6 mission to the International Space Station at the Kennedy Space Center in Florida, the United States. (Photo credit: SpaceX)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.