Connect with us

China

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ရုရှားနိုင်ငံခရီးစဉ်က ချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ငြိမ်းချမ်းရေးကို မြှင့်တင်ရန်ဖြစ်

ပေကျင်း၊ မတ် ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က မကြာမီသွားရောက်မည့် ရုရှားနိုင်ငံခရီးစဉ်သည် ချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ငြိမ်းချမ်းရေးအတွက် ခရီးစဉ်တစ်ခုဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက မတ် ၁၇ ရက်၌ ပြောကြားခဲ့သည်။

သမ္မတ ရှီသည် ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားသို့ မတ် ၂၀ ရက်မှ ၂၂ ရက်အထိ နိုင်ငံတော်ခရီးစဉ်အဖြစ် သွားရောက်မည်ဖြစ်သည်။

မကြာသေးမီနှစ်များအတွင်း သမ္မတ ရှီသည် ရုရှားသမ္မတ ပူတင်နှင့် ရင်းနှီးသောဆက်ဆံရေးကို ထိန်းသိမ်းထားလျက်ရှိသည်။ ၎င်းတို့၏ခေါင်းဆောင်မှုနှင့် လမ်းညွှန်မှုအောက်တွင် ခေတ်သစ်အတွက် တရုတ်-ရုရှား ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ညှိနှိုင်းဆောင်ရွက်မှုသည် တည်ငြိမ်၍ ခိုင်မာသော ဖွံ့ဖြိုးတိုးတက်မှုကိုလည်း ရရှိခဲ့ကြောင်း ဝမ်က နေ့စဉ်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

“တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒ ရည်ရွယ်ချက်က ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့နဲ့ ဘုံဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ဖို့ ဖြစ်ပါတယ်” ဟု ယူကရိန်းအရေးနှင့် ပတ်သက်၍ မှတ်ချက်ပြုပြောကြားခဲ့ပြီး တရုတ်နိုင်ငံအနေဖြင့် ငြိမ်းချမ်း၍ ဆွေးနွေးညှိနှိုင်းမှုဘက်ခြမ်းနှင့် သမိုင်း၏ မှန်ကန်သောဘက်ခြမ်း၌ အစဉ်အမြဲ ရပ်တည်လျက်ရှိကြောင်း ၎င်းက ဆိုသည်။ (Xinhua)

………………………………………………
(English Version)
Xi’s Russia trip to advance friendship, cooperation, peace: spokesperson
BEIJING, March 17 (Xinhua) –Chinese President Xi Jinping’s upcoming visit to Russia will be a trip of friendship, cooperation and peace, Chinese Foreign Ministry spokesperson Wang Wenbin said on Friday.
Xi will pay a state visit to Russia from March 20 to 22 at the invitation of Russian President Vladimir Putin.
In recent years, President Xi has maintained close contact with President Putin. Under their leadership and guidance, the China-Russia comprehensive strategic partnership of coordination for a new era has achieved sustainable, sound and steady development, Wang told a daily news briefing.
“The purpose of China’s foreign policy is to maintain world peace and promote common development,” Wang said, noting that on the issue of Ukraine, China has always stood on the side of peace and dialogue, and on the right side of history.