Connect with us

မြန်မာ-ENG

ငလျင်ကြောင့် အမေရိကန်ဒေါ်လာ ၁၀၅ ဘီလီယံကျော် ဆုံးရှုံးဟု တူရကီ ခန့်မှန်း

တူရကီနိုင်ငံ Kahramanmaras ပြည်နယ်တွင် အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက် ပြိုကျခဲ့သည့်အဆောက်အအုံများကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အန်ကာရာ၊ မတ် ၁၈ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံ တောင်ပိုင်းတွင် ဖေဖော်ဝါရီ ၆ ရက်က လှုပ်ခတ်ခဲ့သည့် ငလျင်ကြီးနှစ်ခုကြောင့် နိုင်ငံအတွက် ခန့်မှန်းခြေ တူရကီငွေကြေး လိုင်ရာ ၂ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၀၅.၂ဘီလီယံခန့်) ဆုံးရှုံးခဲ့ကြောင်း မတ် ၁၇ ရက်က တရားဝင်ထုတ်ပြန်ချက်အရသိရသည်။

တူရကီနိုင်ငံ Adiyaman ပြည်နယ်တွင် ပြိုကျနေသောအဆောက်အအုံအနီးဖြတ်သန်းသွားသူများကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တူရကီနိုင်ငံ သမ္မတ၏ မဟာဗျူဟာနှင့် ဘတ်ဂျက်ဌာနက ပြင်ဆင်တင်ြပခဲ့ပြီး ဘဏ္ဍာရေးနှင့် ငေွကြေးဌာနမှ ကြေညာခဲ့သည့် အဆိုပါထုတ်ပြန်ချက်တွင် ကြေကွဲဖွယ်ရာငလျင်ကြီးများကြောင့် ဖြစ်ေပါ်ခဲ့ရသည့် ဘဏ္ဍာရေးဝန်ထုပ်ဝန်ပိုးမှာ ၂၀၂၃ ခုနှစ် အမျိုးသားဝင်ငွေ၏ ၉ ရာခိုင်နှုန်းခန့် ရောက်ရှိနိုင်ကြောင်း ကြိုတင်ခန့်မှန်းခဲ့သည်။

တူရကီနိုင်ငံတွင် ဖေဖော်ဝါရီ ၆ ရက်က လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်များကြောင့် ပြည်နယ် ၁၁ ခု၌ သက်ရောက်မှုရှိခဲ့ပြီး သေဆုံးသူ ၄၈,၀၀၀ ကျော် ရှိခဲ့ကာ ပြည်သူအမြောက်အမြား အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။ (Xinhua)

………………………………
(English Version)
Türkiye estimates earthquakes loss over 105 bln USD
ANKARA, March 17 (Xinhua) — An official report released on Friday estimated that the twin earthquakes that hit southern Türkiye on Feb. 6 cost approximately 2 trillion Turkish liras (about 105.2 billion U.S. dollars) for the country.
The report, announced by Türkiye’s Treasury and Finance Ministry and prepared by the presidency’s department of strategy and budget, predicted that the financial burden caused by the tragic tremors could reach approximately 9 percent of the national income in 2023.
The death toll of the quakes which affected 11 provinces of Turkey exceeded 48,000 while leaving tens of thousands of people homeless.
Photo 1: This aerial photo taken on Feb. 7, 2023 shows collapsed buildings after a powerful earthquake in Kahramanmaras, Türkiye. (Photo by Mustafa Kaya/Xinhua)
Photo 2: People walk past a collapsed building in Adiyaman, Türkiye, Feb. 18, 2023. (Photo by Mustafa Kaya/Xinhua)