Connect with us

Africa & Middle East

မာလဝီနိုင်ငံတွင် ဖရက်ဒီ ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူပေါင်း ၅၀၀,၀၀၀ ထိခိုက်မှုရှိဟု ကုလသမဂ္ဂထုတ်ပြန်

မာလဝီနိုင်ငံ ဘလန်တိုင်ရာမြို့တွင် ပျက်စီးနေသော နေအိမ်တစ်လုံးကို ၂၀၂၃ ခုနှစ် မတ် ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ မတ် ၁၈ ရက် (ဆင်ဟွာ)

မာလဝီနိုင်ငံတွင် ဖရက်ဒီ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် သေဆုံးသူ ၃၂၆ ဦး အပါအဝင် လူပေါင်း ၅၀၀,၀၀၀ ကျော် ထိခိုက်မှုရှိခဲ့သည်ဟု မာလဝီအာဏာပိုင်များက ဖော်ပြထားကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုအဖွဲ့က မတ် ၁၇ ရက်၌ ပြောကြားခဲ့သည်။

မတ် ၁၆ ရက် တစ်ရက်တည်းတွင်ပင် ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများအတွင်း လူပေါင်း ၄၄၂ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း အစိုးရသတင်းက ဖော်ပြထားသည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) က ပြောကြားခဲ့သည်။ ပြည်သူ ၁၈၀,၀၀၀ ကျော်လည်း အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြောင်း၊ ရေကြီးရေလျှံမှုလျော့ကျလာပြီဖြစ်သည့်အတွက် အစိုးရဦးဆောင်သောကယ်ဆယ်ရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်းနှင့် နေရပ်စွန့်ခွာရွှေ့ပြောင်းရသူများထံ ရောက်ရှိရန် ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း OCHA ရုံးက ဆိုသည်။
ကုလသမဂ္ဂ ဗဟိုအရေးပေါ်တုံ့ပြန်ရေးရန်ပုံငွေက မတ် ၁၆ ရက်တွင် ကယ်ဆယ်ရေးလုပ်ငန်းကွာဟချက်အချို့ကို ကိုင်တွယ်ဖြေရှင်းရာ၌ အထောက်အကူဖြစ်စေရန် အမေရိကန်ဒေါ်လာ ၁၀ သန်း လွှဲပြောင်းပေးအပ်ခဲ့ကြောင်း၊ နောက်ထပ်ရန်ပုံငွေများလည်း အရေးပေါ်လိုအပ်လျက်ရှိကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
Cyclone Freddy affects 500,000 people in Malawi: UN
UNITED NATIONS, March 17 (Xinhua) — Malawi authorities assessing the rising devastation of cyclone Freddy report more than 500,000 people affected, including at least 326 people killed, UN humanitarians said on Friday.
The government reports 442 people rescued during search and rescue operations on Thursday alone, the UN Office for the Coordination of Humanitarian Affairs (OCHA) said. More than 180,000 people are homeless. The government-led relief efforts expand as flood waters recede, and the focus is on reaching displaced people, the office said.
On Thursday, the UN Central Emergency Response Fund released 10-million U.S. dollars to help address some relief gaps. Still, OCHA said more funds are urgently needed.
Photo : A damaged house is seen in Blantyre, Malawi, on March 14, 2023. (Photo by Joseph Mizere/Xinhua)