Connect with us

Asia

အွန်လိုင်းလက်မှတ်ထုတ်ပေးသော App ကြောင့် တရုတ်-လာအို ရထားလမ်းဖြင့် ခရီးသွားလာမှုကို ပိုမိုအဆင်ပြေချောမွေ့စေ

လာအိုနိုင်ငံတွင် Lane Xang EMU ရထားပေါ်တွင် တရုတ်-လာအို ချစ်ကြည်ရေး Nongping မူလတန်းကျောင်းမှ ကျောင်းသားလေးများကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဗီယင်ကျန်း၊ မတ် ၁၈ ရက် (ဆင်ဟွာ)

တရုတ်-လာအို ရထားလမ်း၌ ခရီးသွားလာသူများအနေဖြင့် မိုဘိုင်းလက်မှတ်ထုတ်ပေးသော အပလီကေးရှင်း (application) အသစ် အသုံးပြုခြင်းကြောင့် လက်မှတ်ဝယ်ယူမှု လွယ်ကူလာပြီဖြစ်သလို စမတ်ဖုန်းများပေါ်၌ ၎င်းတို့၏ခရီးစဉ်ကို စီမံခန့်ခွဲနိုင်ပြီဖြစ်သည်။

တရုတ်-လာအိုရထားလမ်း၏ ရထားတစ်စင်းပေါ်တွင် ခရီးသည်တစ်ဦးကို ဝန်ဆောင်မှုပေးနေသည့် ရထားဝန်ထမ်းတစ်ဦးကို ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လာအိုနိုင်ငံရှိ တရုတ်-လာအို ရထားလမ်း၏ ဗီယင်ကျန်းဘူတာတွင် Lane Xang EMU နံဘေး ဝန်ထမ်းများကို ၂၀၂၂ ခုနှစ် မေ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လာအို-တရုတ် ရထားလုပ်ငန်းကုမ္ပဏီလီမိတက် (LCRC) က လက်မှတ်ထုတ်ပေးသောမိုဘိုင်းအပလီကေးရှင်းကို မတ် ၁၅ ရက်က စတင်ခဲ့ပြီး လာအို-တရုတ် ရထားလုပ်ငန်းအနေဖြင့် အွန်လိုင်းလက်မှတ်ရောင်းချမှုခေတ်သို့ တရားဝင် ဝင်ရောက်လာပြီဖြစ်သည်။ LCR လက်မှတ်ထုတ်ပေးသော မိုဘိုင်းအပလီကေးရှင်း စတင်ခြင်းသည် ခရီးသည်များအတွက် ၎င်းတို့၏ခရီးစဉ်အတွင်း သက်သောင့်သက်သာနှင့် အကျိုးကျေးဇူးရှိစေရန် ထည့်သွင်းထားကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
Traveling by China-Laos Railway becomes more convenient with new online ticketing App
VIENTIANE, March 17 (Xinhua) — Passengers traveling on the China-Laos Railway can now easily book and manage their journeys on smartphones by using a new mobile ticketing application.
The Laos-China Railway Co., Ltd. (LCRC) on Wednesday launched its ticketing mobile application, marking the China-Laos railway’s official entry into an era of online ticket sales. The launch of the LCR Ticket mobile application adds to the comfort and efficiency of the passengers during their journey.
Photo 1: Students from the China-Laos Friendship Nongping Primary School are seen on the Lane Xang EMU train in Laos, Dec. 1, 2022. (Photo by Kaikeo Saiyasane/Xinhua)
Photo 2: A conductor serves drinkable water for a passenger on a train of the China-Laos Railway, Nov. 23, 2022. (Xinhua/Hu Chao)
Photo 3: Stewardesses wait for passengers beside a Lane Xang EMU train at the Vientiane Station of China-Laos Railway in Laos on May 24, 2022. (Photo by Yang Yongquan/Xinhua)