Connect with us

China

တရုတ်နိုင်ငံတွင် အမျိုးသားယဉ်ကျေးမှုသရုပ်ပြဇုန်သစ် ၁၅ ခု တည်ထောင်

တရုတ်နိုင်ငံ မြောက်ပိုင်း ဆန်းရှီး ပြည်နယ် ထိုက်ယွမ်မြို့တွင် အမျိုးသား ယဉ်ကျေးမှု အမွေအနှစ်များ သက်မွေးဝမ်းကျောင်းလုပ်ငန်း ကျွမ်းကျင်မှု ပြိုင်ပွဲ ပြုလုပ်ရာ ပြိုင်ပွဲဝင်တစ်ဦးက သတ္တု ယဉ်ကျေးမှုအမွေအနှစ်ပြင်ဆင်မွမ်းမံခြင်းပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေသည်ကို ၂၀၂၃ ခုနှစ် မတ် ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် အမျိုးသားအဆင့် ယဉ်ကျေးမှုလုပ်ငန်းနှင့်ပတ်သက်သည့် သရုပ်ပြဇုန်သစ် ၁၅ ခု တည်ထောင်လိုက်သည့်အတွက် စုစုပေါင်း ဇုန် ၃၄ ခုအထိ ရှိလာပြီဖြစ်ကြောင်း ယဉ်ကျေးမှုနှင့်ခရီးသွားလုပ်ငန်းဝန်ကြီးဌာနအဆိုအရ သိရသည်။

အသစ်တည်ထောင်လိုက်သည့်ဇုန်များသည် ထျန်းကျင်း၊ ဟဲပေနှင့် ကျန်းဆူး အပါအဝင် ပြည်နယ်အဆင့်ဒေသများစွာတွင် တည်ရှိကြောင်းသိရသည်။

တရုတ်နိုင်ငံတွင် ၂၀၂၅ ခုနှစ် နှစ်မကုန်မီ ထိုကဲ့သို့ သရုပ်ပြဇုန် ၅၀ ဝန်းကျင် ရှိလာမည်ဖြစ်ကြောင်း ဝန်ကြီးဌာနအဆိုအရ သိရသည်။ (Xinhua)

……………………………………
(English Version)
China establishes 15 new national cultural demonstration zones
BEIJING, March 28 (Xinhua) — China has established 15 new national-level cultural industry demonstration zones, with the total number climbing to 34, according to the Ministry of Culture and Tourism.
The newly-established zones are located in several provincial-level regions, including Tianjin, Hebei and Jiangsu.
According to the ministry, China will have around 50 such demonstration zones by the end of 2025.
Photo: A contestant takes part in a match of metal cultural relics restorer during the national cultural relics industry vocational skills competition in Taiyuan, north China’s Shanxi Province, March 25, 2023. (Xinhua/Li He)