Connect with us

China

တရုတ်သင်္ဘောထုတ်လုပ်သူက ပြင်သစ်အတွက် ကွန်တိန်နာတင်သင်္ဘော ၁၆ စင်း ထုတ်လုပ်မည်

တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းမြို့၊ ထျန်းကျင်းဆိပ်ကမ်းရှိ ပေကျန်းဆိပ်ကမ်းဧရိယာနံဘေး ကွန်တိန်နာတင်သင်္ဘောတစ်စင်းကို ၂၀၂၂ ခုနှစ် ဧပြီ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ထျန်းကျင်း၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သင်္ဘောတည်ဆောက်ရေးကော်ပိုရေးရှင်းက ယွမ် ၂၁ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၃ ဘီလီယံခန့်) တန်ဖိုးရှိသော ကွန်တိန်နာတင်သင်္ဘောကြီး ၁၆ စင်း ထုတ်လုပ်ရန် ပြင်သစ်နိုင်ငံ CMA CGM Groupနှင့် ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

အဆိုပါ ပမာဏသည် တရုတ်နိုင်ငံ၏ သင်္ဘောတည်ဆောက်ရေးလုပ်ငန်းမှ ကွန်တိန်နာတင်သင်္ဘောထုတ်လုပ်ရေးအတွက် လက်မှတ်ရေးထိုးခဲ့သော ငွေပမာဏအများဆုံးဖြင့် တစ်ဦးတည်းအော်ဒါမှာယူမှု စံချိန်သစ်လည်းဖြစ်သည်။ အဆိုပါ သဘောတူစာချုပ်တွင် မီသနောဖြင့်အဓိကမောင်းနှင်သော လောင်စာနှစ်မျိုးသုံး 15,000-TEU ကွန်တိန်နာတင်သင်္ဘော ၁၂ စင်းနှင့် liquefied natural gas (LNG) စွမ်းအင်ဖြင့် မောင်းနှင်သော 23,000-TEU သင်္ဘော ၄ စင်းတို့ ပါဝင်သည်။

မီသနောစွမ်းအင်သုံးသင်္ဘောတစ်စင်းစီသည် အလျား ၃၆၆ မီတာနှင့် အကျယ် ၅၁ မီတာရှိပြီး ကုန်စည် တန်ချိန် ၁၅၆,၀၀၀ တင်ဆောင်နိုင်ရန် ပုံစံထုတ်လုပ်ထားခြင်းဖြစ်ကြောင်း တရုတ်သင်္ဘောထုတ်လုပ်သူက ဆိုသည်။ (Xinhua)

…………………………………
(English Version)
Chinese shipmaker to produce 16 large container vessels for France
TIANJIN, April 10 (Xinhua) — China State Shipbuilding Corporation has signed a cooperation agreement with France’s CMA CGM Group to produce 16 large container vessels worth more than 21 billion yuan (about 3 billion U.S. dollars).
It sets a new record for a single order with the largest amount of money for container ship production signed by China’s shipbuilding industry. It includes 12 15,000-TEU dual-fuel large container ships powered mainly by methanol and four 23,000-TEU ones fueled mainly by liquefied natural gas (LNG).
Each of the methanol-powered ships measures 366 meters in length and 51 meters in width and is designed to have the ability to carry 156,000 tonnes of cargo, said the Chinese ship manufacturer.
Photo: Aerial photo taken on April 9, 2022 shows a container ship by the Beijiang Port Area of Tianjin Port in north China’s Tianjin Municipality.(Xinhua/Zhao Zishuo)