Connect with us

China

တရုတ်-လာအို ရထားလမ်းတွင် နယ်စပ်ဖြတ်ကျော် ခရီးသည်တင် ဝန်ဆောင်မှုများ စတင်

တရုတ်-လာအို နယ်စပ် ဥမင်လိုဏ်ခေါင်းတွင် Lane Xang လျှပ်စစ်ကျည်ဆန်ရထား ဖြတ်သန်းသွားသည်ကို ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ)

တရုတ်-လာအို ရထားလမ်းတွင် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် မြို့တော် ကူမင်း နှင့် လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်းကို ချိတ်ဆက်ထားသော နယ်စပ်ဖြတ်ကျော် ခရီးသည်တင် ရထား ပြေးဆွဲမှုများ ဧပြီ ၁၃ ရက်တွင် စတင်မည် ဖြစ်ကြောင်း China State Railway Group Co., Ltd. က ဧပြီ ၁၀ ရက်၌ ပြောကြားခဲ့သည်။

ဧပြီ ၁၃ ရက်မှစ၍ နေ့စဉ် ကူမင်း-ဗီယင်ကျန်း၊ ဗီယင်ကျန်း-ကူမင်း ခရီးသည်တင် ရထားတစ်စင်းစီ ပြေးဆွဲသွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါရထားသည် လမ်းခရီးတွင် ဘူတာ ၈ ခုကို ဖြတ်သန်းရမည်ဖြစ်ပြီး အကောက်ခွန်ရှင်းလင်းရေးဆောင်ရွက်မှုများ အပါအဝင် ခရီးလမ်းကြာချိန် ၁၀ နာရီခွဲခန့်ရှိမည် ဖြစ်သည်။

တရုတ်-လာအို ရထားလမ်းကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာတွင် စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး ခရီးသည်တင် ဝန်ဆောင်မှု ရထား များကို ကူမင်း-မိုဟန် နှင့် လာအို-ဘိုတန် ပြေးဆွဲခဲ့သည်။

ဧပြီ ၉ ရက်အထိ တရုတ်-လာအို ရထားလမ်းတွင် ခရီးသည်ခရီးစဉ် ၁၃.၉၃ သန်း နှင့် ကုန်စည်သယ်ယူပို့ဆောင်မှုပမာဏ တန်ချိန် ၁၈.၃၈ သန်း ရှိခဲ့သည်။ (Xinhua)

…………………………………..
(English Version)
China-Laos railway to launch cross-border passenger services
BEIJING, April 10 (Xinhua) — Cross-border passenger trains linking Kunming, the capital of southwest China’s Yunnan province, and the Lao capital Vientiane will be launched on the China-Laos railway on April 13, China State Railway Group Co., Ltd. said Monday.
Starting Thursday, one passenger train will operate daily from Kunming to Vientiane and another one from Vientiane to Kunming. The train will stop at eight stations along the route, and the journey will take 10 hours and a half, including time spent on going through customs clearance.
The China-Laos railway started operation in December 2021. Passenger train services have been offered along the section between Kunming and Mohan, as well as the section connecting Vientiane and Boten.
As of Sunday, 13.93 million passenger trips have been made and 18.38 million tonnes of cargo transported on the China-Laos railway.
1. The Lane Xang electric multiple unit train passes by the China-Laos borderline inside a tunnel, Oct. 15, 2021. (Photo by Cao Anning/Xinhua)