Connect with us

China

RCEP က တရုတ်-အာဆီယံ စီးပွားရေးနှင့် ကုန်သွယ်ရေး ကူးလူးဖလှယ်မှုများကို မြှင့်တင်ပေးလျက်ရှိ

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ချင်ကျိုးဆိပ်ကမ်းတွင် ကွန်တိန်နာဆိပ်ကမ်းကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နန်နင်း၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပေပုပင်လယ်ကွေ့ဆိပ်ကမ်းရှိ ချင်ကျိုးဆိပ်ကမ်းမှ ပီလောပီနံမှုန့်များနှင့် ဆိုဒါမှုန့်များ တင်ဆောင်လာသည့် ကုန်တင်သင်္ဘောတစ်စင်းသည် ဧပြီ ၁၈ ရက်က ထွက်ခွာလာခဲ့သည်။ အဆိုပါ သင်္ဘောသည် နိုင်ငံတကာ ကုန်ကြောင်း-ရေကြောင်း ကုန်သွယ်ရေးစင်္ကြံသစ်မှတစ်ဆင့် စီချွမ်းပြည်နယ်နှင့် ချုံချင့်မြို့တို့ထံ ထွက်ခွာသွားခြင်းဖြစ်သည်။

ပေပုပင်လယ်ကွေ့ဆိပ်ကမ်းသည် တရုတ်နိုင်ငံ အနောက်ပိုင်းဒေသနှင့် အရှေ့တောင်အာရှကြား ချိတ်ဆက်ပေးသော အဆင်ပြေလှသောချန်နယ်ဖြစ်လာခဲ့သည်။ ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး (RCEP) ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်က အကောင်အထည်ဖော်ခြင်းနှင့်အတူ အရှိန်မြင့်တက်လာသော ဒေသတွင်း စီးပွားရေးပေါင်းစည်းမှု၊ ထောက်ပံ့သယ်ပို့ကဏ္ဍအတွက် လိုအပ်ချက်မှာလည်း သိသိသာသာ မြင့်တက်လာခဲ့သည်။

၂၀၂၃ ခုနှစ် ပထမသုံးလပတ်တွင် ယင်းဆိပ်ကမ်း၌ ကုန်စည်ဖြတ်သန်းစီးဆင်းမှုမှာ တန်ချိန် ၆၈.၇၇ သန်းရှိခဲ့ပြီး ယခင်နှစ်ကထက် ၅.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ဆိပ်ကမ်းမှ ကိုင်တွယ်ဆောင်ရွက်ခဲ့သော ကုန်စည်ပမာဏမှာလည်း TEUs ၁.၆ သန်းကျော် ရှိခဲ့ရာ ယမန်နှစ်ကထက် ၁၄.၇ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
RCEP boosts China-ASEAN economic, trade exchanges
NANNING, April 21 (Xinhua) — A cargo ship loaded with cassava starch and soda ash set sail from the Qinzhou Port in the Beibu Gulf Port of China’s Guangxi Zhuang Autonomous Region on Tuesday. The vessel is bound for Sichuan Province and Chongqing Municipality through the New International Land-Sea Trade Corridor.
The Beibu Gulf Port has become a convenient channel for interconnectivity between the western part of China and Southeast Asia. With the implementation of the Regional Comprehensive Economic Partnership (RCEP) on Jan. 1, 2022, and accelerated regional economic integration, the demand for logistics has increased significantly.
In the first quarter of 2023, the port saw its cargo throughput reach 68.77 million tonnes, up 5.5 percent year on year, and over 1.6 million twenty-foot equivalent units (TEUs) were handled by the port, rising 14.7 percent year on year.
Photo: This aerial photo taken on Feb. 25, 2023 shows the container terminal at Qinzhou Port in south China’s Guangxi Zhuang Autonomous Region. (Xinhua/Zhang Ailin)