Connect with us

China

တရုတ်နိုင်ငံ၏ လုပ်ငန်းသုံးမော်တော်ယာဉ် ထုတ်လုပ်မှုနှင့် ရောင်းအား မတ်လတွင်မြင့်တက်လာ

ပေကျင်း၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ လုပ်ငန်းသုံးမော်တော်ယာဉ်လုပ်ငန်းများသည် ဖေဖော်ဝါရီမှစပြီး ထုတ်လုပ်မှုနှင့် ရောင်းအားများ တိုးတက်လာခဲ့ပြီး ၂၀၂၃ ခုနှစ် မတ်လတွင် အားကောင်းစွာပြန်လည်ကောင်းမွန်လာခဲ့ကြောင်း ယင်းလုပ်ငန်းအချက်အလက်များအရ သိရသည်။

မတ်လတွင် လုပ်ငန်းသုံးမော်တော်ယာဉ်စုစုပေါင်း အစီးရေ ၄၃၄,၀၀၀ ကို ထုတ်လုပ်ခဲ့ပြီး ယခင်လကထက် ၃၇.၁ ရာခိုင်နှုန်း တိုးတက်လာခဲ့ပြီး ၂၀၂၂ ခုနှစ် ကာလတူကာလနှင့် နှိုင်းယှဉ်ပါက ၂၀.၄ ရာခိုင်နှုန်း တိုးတက်လာကြောင်း တရုတ်မော်တော်ယာဉ်ထုတ်လုပ်သူများအသင်းမှ သိရသည်။

တရုတ်နိုင်ငံတွင် အလားတူကာလအတွင်း လုပ်ငန်းသုံးကားအစီးရေ ၄၃၄,၀၀၀ ခန့် ရောင်းချခဲ့ပြီး လစဉ် ၃၄.၂ ရာခိုင်နှုန်းနှင့် တစ်နှစ်လျှင် ၁၇.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်းသိရသည်။

တရုတ်နိုင်ငံ၏ စီးပွားရေးမှာ တဖြည်းဖြည်းပြန်လည်ကောင်းမွန်လာသဖြင့် စီးပွားရေးလုပ်ငန်းသုံး မော်တော်ယာဉ်ဈေးကွက်ကလည်း ပြန်လည်နာလန်ထူသည့် လက္ခဏာများ ပြသလျက်ရှိသလို အခြေခံအဆောက်အအုံ စီမံကိန်းများ ပိုမိုစတင်လာကာ တင်ပို့မှုများကိုလည်း ကောင်းမွန်စွာဆောင်ရွက်လျက်ရှိကြောင်း တရုတ်မော်တော်ယာဉ်ထုတ်လုပ်သူများအသင်းမှ သိရသည်။ (Xinhua)

……………………………………….
(English Version)
China’s commercial vehicle production, sales up in March
BEIJING, April 22 (Xinhua) — China’s commercial vehicle industry logged a strong recovery in March 2023, with output and sales surging from February, industry data showed.
A total of 434,000 commercial vehicles were produced last month, surging 37.1 percent month on month and up 20.4 percent from the same period of 2022, according to the China Association of Automobile Manufacturers.
Some 434,000 commercial vehicles were sold in China during the same period, up 34.2 percent monthly and 17.4 percent yearly.
The commercial vehicle market has shown signs of recovery as the economy rebounds gradually, more infrastructure projects kick off and exports continue to perform well, it said. ■