Connect with us

Media

တရုတ်နိုင်ငံက ရာသီဥတုပြောင်းလဲမှုကို ဆန့်ကျင်လျက် နေအိမ်ခေါင်မိုးများပေါ်၌ သဘာဝအရင်းအမြစ်ကို အသုံးပြုကာ ဝင်ငွေရရှိနေ

ပေကျင်း၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်သူနှင့် အသုံးပြုသူဖြစ်ပြီး မကြာသေးမီနှစ်များအတွင်း နေရောင်ခြည်စွမ်းအင်သုံးဆဲလ်များ (PV) ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၌လည်း လျင်မြန်စွာ တိုးတက်လာသောနိုင်ငံဖြစ်လာခဲ့သည်။

မကြာသေးမီနှစ်များအတွင်း နေအိမ်ခေါင်မိုးများသည် တရုတ်နိုင်ငံ၏ အထူးသဖြင့် နေရောင်ခြည်စွမ်းအင် ကြွယ်ဝစွာရရှိသောနေရာများ၌ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုကို ထပ်မံမြှင့်တင်ရန် အကောင်းမွန်ဆုံးပလက်ဖောင်းအဖြစ် သက်သေပြလျက်ရှိသည်။

လွန်ခဲ့သော ၁၀ နှစ်ခန့်အကြာက တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ်မှ လျှပ်စစ်စက်မှုလုပ်သားတစ်ဦးဖြစ်သော ကျူးချီကျယ်ဆိုသူသည် ၎င်း၏နေအိမ်ခေါင်မိုးပေါ်၌ PV လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစခန်းငယ် တည်ဆောက်ရန် လိုအပ်သော ကိရိယာများကို ဝယ်ယူခဲ့သည်။

ကျူး၏ တပ်ဆင်စွမ်းအင် ၅ ကီလိုဝပ်ရှိသော “နေအိမ်ခေါင်မိုးပေါ်က လျှပ်စစ်ဓာတ်အားပေးစခန်း” သည် တစ်နှစ်အတွင်း လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ ၆,၀၀၀ ထုတ်လုပ်နိုင်ခဲ့ပြီး ၎င်းတို့အိမ်ထောင်စု၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုကို လုံလုံလောက်လောက်လွှမ်းခြုံနိုင်ခဲ့သည်။ ထို့ပြင် ကျန်ရှိသော လျှပ်စစ်ဓာတ်အားများကို လျှပ်စစ်ကုမ္ပဏီနှင့် အစိုးရလုပ်ငန်းခွဲများသို့ ရောင်းချမှုမှ အပိုဝင်ငွေ ယွမ် ၄,၅၀၀ (အမေရိကန်ဒေါ်လာ ၆၅၄.၅၃ ခန့်) ရရှိခဲ့သည်ဟု ဆိုသည်။

အဆိုပါ ခရိုင်ရှိ ကျေးရွာ ၃၈၈ ရွာ၏ ၈၀ ရာခိုင်နှုန်းခန့်မှာ အလားတူ နေရောင်ခြည်စွမ်းအင်သုံး ဆဲလ်များကို တပ်ဆင်ထားခဲ့ပြီး ယင်းခရိုင်အတွင်း တစ်လလျှင် ကာဗွန်ထုတ်လွှတ်မှု တန်ချိန် ၂,၁၀၀ ကျော် လျှော့ချပေးနိုင်ခဲ့သည်။ (Xinhua)

………………………………
(English Version)
China wages rooftop “green war” against climate change
BEIJING, April 21 (Xinhua) — China is the world’s largest producer and consumer of renewable energy, and has been the fastest-growing country in terms of newly installed photovoltaic (PV) power capacity in recent years.
In recent years, rooftops have proven to be the ideal platform for further boosting the country’s green development, especially for areas with plenty of sunshine.
About 10 years ago when distributed photovoltaic (PV) power generation was budding in China, Zhu Qijie from east China’s Jiangsu Province, an electromechanical worker, purchased necessary equipment and built a small PV power station on top of his roof.
In a year, Zhu’s “rooftop power station,” with an installed capacity of 5 kW, generated 6,000 kWh of electricity, which was enough to cover his household power consumption. From selling the remaining electricity to the power company and government subsidies, he secured an extra income of nearly 4,500 yuan (about 654.53 U.S. dollars).
Some 80 percent of 388 villages in the county have installed similar devices, which helps the county reduce carbon emissions by over 2,100 tonnes per month.