Connect with us

China

တရုတ်နိုင်ငံက မြစ်ဝါမြစ်ညစ်ညမ်းမှု ထိန်းသိမ်းရေး တိုးတက်မှုရှိ

ပေကျင်း၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက မြစ်ဝါမြစ်အတွင်း ရေဆိုးများစွန့်ထုတ်မှု တားဆီးထိန်းချုပ်ရေးနှင့် လွန်ခဲ့သောနှစ်များအတွင်း မြစ်ကြမ်းပြင်၌ စွန့်ပစ်အမှိုက်များ စုပုံနေမှုကို တားဆီးထိန်းချုပ်ရေး ဆောင်ရွက်ရာ၌ အပြည့်အဝတိုးတက်မှုရှိခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ဧပြီ ၂၇ ရက်က ပြောကြားခဲ့သည်။

အဆိုပါ တိုးတက်မှုသည် တရုတ်နိုင်ငံ၏ ဒုတိယအရှည်ဆုံးမြစ်ဖြစ်သော မြစ်ဝါမြစ်တစ်လျှောက် မြစ်ဝများကို ၂၀၂၀ ပြည့်နှစ်မှစ၍ ပြည်နယ်အဆင့်ဒေသများ ပါဝင်လျက် စစ်ဆေးခြင်းအစီအစဉ်များကြောင့်ဖြစ်ကြောင်း တရုတ်နိုင်ငံ ဂေဟဗေဒနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Liu Youbin က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဝန်ကြီးဌာနအနေဖြင့် ယခုအချိန်အထိ အဆိုပါမြစ်၏ မြစ်ဝစုစုပေါင်း ၁၇,၀၀၀ ကျော်ကို စစ်ဆေးလျက်ရှိကာ အကွာအဝေးအားဖြင့် ကီလိုမီတာ ၁၂,၀၀၀ ကျော် လွှမ်းခြုံထားကြောင်း Liu က ဆိုသည်။

ထိုသို့ စစ်ဆေးခဲ့ရာ တွေ့ရှိခဲ့သော ကိစ္စရပ်များစွာကိုလည်း ဒေသန္တရအစိုးရများကို အကြောင်းကြားကာ ဖြေရှင်းခဲ့ပြီးဖြစ်သလို ဝန်ကြီးဌာနမှလည်း တာဝန်ယူဆောင်ရွက်မှုများ ပြုလုပ်ရန် တိုက်တွန်းခဲ့ကြောင်း ၎င်းပြောရေးဆိုခွင့်ရှိသူက ဆိုသည်။ (Xinhua)

……………………………
(English Version)
China makes progress in Yellow River pollution control

BEIJING, April 27 (Xinhua) — China has made solid progress in curbing the discharging of polluted water into the Yellow River and the dumping of wastes in the riverbed over the past few years, an official said Thursday.
The progress is attributed to an array of outfall inspections along the second-longest river in the country since 2020, with five provincial-level regions involved, said Liu Youbin, spokesperson for the Ministry of Ecology and Environment, at a press conference.
To date, the ministry has detected more than 17,000 outfalls in total during inspections covering a distance of 12,000-plus km, Liu said.
Many issues found during the inspections were resolved after local governments were informed of and urged to take actions by the ministry, the spokesperson said.