Connect with us

China

တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် WIPO ညွှန်ကြားရေးမှူးချုပ်တို့တွေ့ဆုံ

ပေကျင်း၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းက ကမ္ဘာ့ဉာဏပစ္စည်းမူပိုင်ခွင့်အဖွဲ့ (WIPO) ညွှန်ကြားရေးမှူးချုပ် Daren Tang နှင့် ဧပြီ ၂၈ ရက်က ပေကျင်း၌ တွေ့ဆုံခဲ့သည်။

တရုတ်နိုင်ငံသည် ဉာဏပစ္စည်းမူပိုင်ခွင့် (IPR) နှင့်ပတ်သက်ပြီး နိုင်ငံကြီးအဆင့်မှ အင်အားအကြီးဆုံနိုင်ငံအဖြစ် အရှိန်မြှင့်လုပ်ဆောင်လျက်ရှိကြောင်းချင်ကဆိုသည်။ WIPO က ကမ္ဘာလုံးဆိုင်ရာ IPR အုပ်ချုပ်မှုတွင် ဦးဆောင်သော ပေါင်းစပ်ညှိနှိုင်းရေး အခန်းကဏ္ဍမှပါဝင်ခြင်းကို တရုတ်နိုင်ငံက အခိုင်အမာ ထောက်ခံကြောင်း ချင်ကဖြည့်စွက်ပြောကြားခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ အကျိုးရှိသော၊ အားလုံးပါဝင်နိုင်သော၊ ဟန်ချက်ညီပြီး ထိရောက်သော နိုင်ငံတကာ IPR စည်းမျဉ်းများ ထူထောင်ရေးကို မြှင့်တင်ရန်၊ နိုင်ငံတိုင်း၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် တရားဝင်အခွင့်အရေးအား ကာကွယ်စောင့်ရှောက်ပြီး သိပ္ပံနှင့်နည်းပညာဆန်းသစ်တီထွင်မှု၏ အသီးအပွင့်များကို လက်လှမ်းမီနိုင်စေရန်၊နိုင်ငံများနှင့် ပြည်သူများအား ပိုမိုမျှဝေ၍ အသုံးပြုခြင်းဆောင်ရွက်ရာတွင် တရုတ်နိုင်ငံသည် WIPO နှင့် အဆင့်မြင့်လက်တွေ့ ပူးပေါင်းဆောင်ရွက်မှုကို နက်နက်ရှိုင်းရှိုင်း မြှင့်တင်ရန် အသင့်ရှိကြောင်း ချင်ကပြောကြားသည်။

ဉာဏပစ္စည်းမူပိုင်ခွင့်ဆောင်ရွက်ရာတွင် တရုတ်နိုင်ငံ၏ သမိုင်းဝင်အောင်မြင်မှုများကို Tang က ချီးကျူးခဲ့သည်။ WIPO သည် ကမ္ဘာလုံးဆိုင်ရာ IPR အုပ်ချုပ်မှု၏ စဉ်ဆက်မပြတ် ကောင်းမွန်သော ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်အတွက် တရုတ်နိုင်ငံနှင့် လက်တွဲဆောင်ရွက်ရန် အဆင်သင့်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

……………………………………….
(English Version)
Chinese FM meets with WIPO director general
BEIJING, April 28 (Xinhua) — Chinese State Councilor and Foreign Minister Qin Gang met with World Intellectual Property Organization (WIPO) Director General Daren Tang on Friday in Beijing.
Qin said that China is accelerating its transformation from a big country to a strong one with regard to intellectual property rights (IPR). China firmly supports the WIPO in playing a leading and coordinating role in global IPR governance, he added.
China stands ready to deepen high-level practical cooperation with the WIPO, promote the establishment of universally beneficial, inclusive, balanced and effective international IPR rules, safeguard the legitimate right of all countries to development, and make the fruits of scientific and technological innovation accessible, shared and used by more countries and peoples, Qin said.
Tang commended the historic achievements China has made in intellectual property. The WIPO is ready to work with China to promote the sustained and healthy development of global IPR governance, he said. ■