Connect with us

Media

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ ကျားလျင်မြစ်ကို ဖြတ်ကူးနေသော ကျွဲအုပ်ကြီး

နန်ချုံး၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် နန်ချုံးမြို့၊ ဖိန်အန်းခရိုင်တွင် ဧပြီ ၂၉ ရက် နံနက်ပိုင်းက ကျွဲအုပ်ကြီးက ကျားလျင်မြစ်ကို ဖြတ်ကူးခဲ့ပြီး ကျွန်းပေါ်ရှိ နေထိုင်သူများကလည်း အံ့ဩမင်သက်စွာ ကြည့်ရှုခဲ့ကြသည်။

ယင်းမြင်ကွင်းသည် ၂၀၂၃ ခုနှစ်အတွင်း ကျားလျင်မြစ်ကိုဖြတ်ကူးသော ကျွဲ၊ နွားတိရစ္ဆာန်များကို ကြည့်ရှုခြင်းအစီအစဉ်ကို စတင်လိုက်ခြင်းလည်းဖြစ်သည်။

နှစ်စဉ် ဧပြီလမှ အောက်တိုဘာလအထိ ရာပေါင်းများစွာသောကျွဲအုပ်သည် ရေကူးရန်နှင့် စားကျက်မြေရှာဖွေရန် အဆိုပါမြစ်၏ ဖိန်အန်းမြစ်လက်တက်အား နံနက်တိုင်းဖြတ်ကူးရန် ချီတက်လာမည်ဖြစ်ပြီး နေဝင်ချိန်မှ နေရပ်သို့ပြန်လည်ကြမည်ဖြစ်သည်။
နံနက်ခင်းဖြစ်စေ၊ နေဝင်ချိန်ဖြစ်စေ မြစ်ရေပြင်နှင့် ကြီးမားသော ကျွဲအုပ်သည် “မြစ်ကိုဖြတ်ကူးသော ကျွဲအုပ်ကြီး” ဟု လူသိများသည့် ရင်သပ်ရှုမောဖွယ်မြင်ကွင်းကို ဖန်တီးပေးလျက်ရှိကာ အံ့ဩဖွယ်ဒေသန္တရ သဘာဝဂေဟဗေဒစနစ်တစ်ခုဖြစ်သည်။ (Xinhua)

……………………………………..
(English Version)
Hundreds of buffaloes cross Jialing River in SW China
Peng’an County, Nanchong City

Sichuan Province, SW China
On Saturday morning, hundreds of water buffaloes competed to cross the Jialing River and reached the island to graze.
This marks the beginning of the 2023 Jialing River Cattle Grazing Season series of local activities.
Every year, from April to October, hundreds of water buffalo will march towards the river every morning in the Peng’an section of the river, swimming and foraging.
Only when the sun sets will they return home.
Whether in the morning or at sunset, the river water and the massive herd of buffaloes create a spectacular scene known as the “Hundred Buffaloes Crossing the River,” which is a local natural ecological wonder.
Xinhua News Agency correspondents reporting from Chengdu, China. (XHTV)