Connect with us

Africa & Middle East

အာဖဂန်မိသားစု ၄၀၀ ကျော် တရုတ်နိုင်ငံမှ လှူဒါန်းသော အကူအညီနှင့် ယူနီဆက် အကူအညီများကို လက်ခံရရှိ

အာဖဂန်နစ္စတန်နိုင်ငံ၊ Herat ပြည်နယ်တွင် တရုတ်နိုင်ငံမှ လှူဒါန်းသော လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများလက်ခံနေသူများကို ၂၀၂၃ ခုနှစ်၊ မတ် ၂ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ဘာမီယန်၊ အာဖဂန်နစ္စတန်၊ ဧပြီ ၄ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ၊ Herat ပြည်နယ်တွင် တရုတ်နိုင်ငံမှ လှူဒါန်းသော လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများလက်ခံနေသူများကို ၂၀၂၃ ခုနှစ်၊ မတ် ၂ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

အာဖဂန်တာဝန်ရှိသူများက တရုတ်နိုင်ငံမှ လှူဒါန်းသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများနှင့် ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) မှ ပေးအပ်သည့် အကူအညီများကို နိုင်ငံ၏အလယ်ပိုင်း ဘာမီယန် ပြည်နယ်ရှိ နွမ်းပါးသော မိသားစုများအား လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း ဖြန့်ဝေခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ဧပြီ ၃ ရက်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံနှင့် ယူနီဆက်ဖ်တို့၏ ပူးပေါင်းကူညီမှုကို ခရိုင်လေးခုရှိ မိသားစုပေါင်း ၄၄၆ ခုထံဖြန့်ဝေထားကြောင်း ယင်းတာဝန်ရှိသူက ဖြည့်စွက်ပြောကြားခဲ့သည်။

“အခုလို ဆိုးရွားတဲ့အခြေအနေမှာ ကျွန်တော်တို့ကို ကူညီဆောင်ရွက်ပေးတဲ့အတွက် ယူနီဆက်နဲ့ တရုတ်နိုင်ငံတို့ကို ကျေးဇူးတင်ပါတယ်”ဟု လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို လက်ခံခဲ့သူ Rajab Moahid က ဆင်ဟွာသို့ ပြောသည်။
တရုတ်နိုင်ငံက ၂၀၂၂ ခုနှစ်တွင် အာဖဂန်နစ္စတန်နိုင်ငံရှိ ဆင်းရဲနွမ်းပါးပြီး ရေဘေးသင့်မိသားစုများထံသို့ COVID-19 ကာကွယ်ဆေးများ၊ ဆောင်းရာသီအဝတ်အထည်များ၊ ရွက်ဖျင်တဲများနှင့် စားသောက်ဖွယ်ရာများကို ထောက်ပံ့ကူညီပေးခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………..
(English Version)
Over 400 Afghan families receive China-donated aid, UNICEF assistance
BAMYAN, Afghanistan, April 4 (Xinhua) — Afghan authorities have distributed China-donated humanitarian aid and assistance provided by the United Nations Children’s Fund (UNICEF) to needy families in the country’s central Bamyan province over the past week, an official said on Monday.
The joint assistance of China and UNICEF has been distributed to 446 families in four districts, the official added.
Welcoming the humanitarian aid, a recipient Rajab Moahid told Xinhua, “We do thank both UNICEF and China for helping us in such a critical situation.”
China has supported Afghanistan over the past year with COVID-19 vaccines, winter clothes, tents, and foodstuff, which had been distributed among poor and flood-affected families in the war-torn country. ■
(1)(2) Afghans receive China-donated humanitarian aid in Herat province, Afghanistan, March 2, 2023. (Photo by Mashal/Xinhua)