Connect with us

North America

တရုတ်အက်ရှင်ဟာသရုပ်ရှင် “Ride On” က မြောက်အမေရိကတိုက်ရှိ နိုင်ငံများတွင် ရုံတင်ပြသ

တရုတ် အက်ရှင်ဟာသ ရုပ်ရှင် "Ride On" ၏ ပိုစတာအားတွေ့ရစဉ် (ဓာတ်ပုံ- Credit: Well Go USA)

လော့အိန်ဂျလိစ်၊ ဧပြီ ၈ ရက် (ဆင်ဟွာ)

တရုတ်အက်ရှင် ဟာသ ရုပ်ရှင် “Ride On” ကို မြောက်အမေရိကတိုက်ရှိ အကန့်အသတ်ဖြင့်ပြသသော ရုပ်ရှင်ရုံများတွင် ဧပြီ ၇ ရက်တွင် စတင်ပြသခဲ့သည်။

မန်ဒရင်းဘာသာစကားပြော အင်္ဂလိပ်စာတန်းထိုးထားသော အဆိုပါရုပ်ရှင်ဇာတ်ကားကို Well Go USA Entertainment က နိုင်ငံရပ်ခြားရှိ တရုတ်လူဦးရေ အများအပြားရှိသော လော့စ်အိန်ဂျလိစ်၊ ဆန်ဒီယေဂို၊ ဆန်ဖရန်စစ္စကို၊ ဟိုနိုလူလူ၊ ချီကာဂို၊ နယူးယောက်၊ ဗန်ကူးဗာ၊ တိုရွန်တို၊ မွန်ထရီရယ်နဲ့ အခြားမြောက်အမေရိကနိုင်ငံရှိ ရွေးချယ်ထားသော ရုပ်ရှင်ရုံ ပေါင်း ၅၀ နီးပါးတွင် ပြသခဲ့သည်။

ဒါရိုက်တာ Larry Yang ရိုက်ကူးသော “Ride On” ရုပ်ရှင်ဇာတ်ကားတွင် တရုတ်ဟောင်ကောင်မင်းသား ဂျက်ကီချန်းက နာမည်ကျော်ကြားသည့် ခေတ်လွန်စတန့်သမားအဖြစ် သရုပ်ဆောင်ထားကာ ၎င်း၏ စတန့်မြင်း ပိုင်ဆိုင်ခွင့်ရယူရန်အတွက် ငွေတိုးချေးသူများနှင့် တိုက်ခိုက်သည့် ဇာတ်လမ်းကို ရိုက်ကူးထားသည်။ ယင်းဇာတ်ကားတွင် Liu Haocun၊ Kevin Guo နဲ့ Wu Jing တို့ ပါဝင်သရုပ်ဆောင်ထားကြောင်း သိရသည်။

“Ride On” ရုပ်ရှင်ကားကို Maoyan platform မှကောက်ယူထားသော စစ်တမ်းအရ လက်ရှိတွင် ကြည့်ရှုသူဦးရေ ၁၂,၀၀၀ ကျော်မှ အဆင့်သတ်မှတ်ချက်အရ အမှတ်ပြည့်၁၀ မှတ်တွင် ၉.၂ မှတ်ရရှိထားကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
Chinese action comedy film “Ride On” hits North American big screen
LOS ANGELES, April 7 (Xinhua) — Chinese action comedy film “Ride On” opened Friday in a limited theatrical release in North America.
The film is being released by Well Go USA Entertainment in Mandarin with English subtitles in nearly 50 selected theaters in Los Angeles, San Diego, San Francisco, Honolulu, Chicago, New York, Vancouver, Toronto, Montreal and a few other North American cities with a large overseas Chinese population.
Directed by Larry Yang, “Ride On” stars Chinese Hong Kong actor Jackie Chan as a washed-up stuntman battling debt collectors over ownership of his stunt horse. The film also stars Liu Haocun, Kevin Guo, and Wu Jing, among others.
The film has grossed over 27.5 million yuan (about 4 million U.S. dollars) after being released in Chinese mainland on Friday, according to the box office data compiled by Maoyan, a Chinese movie-ticketing and film data platform.
“Ride On” currently boasts a rating of 9.2 points out of 10 on the Maoyan platform from over 12,000 viewers. ■
Poster of Chinese action comedy film “Ride On.” (Credit: Well Go USA)