Connect with us

China

ပေကျင်းမြို့တွင် အလုပ်သမားနေ့အားလပ်ရက်အတွင်း ခရီးသွားများက ကိုဗစ်မတိုင်မီကာလအခြေအနေထက် ပြန်လည်မြင့်တက်လာ

တရုတ်နိုင်ငံမြို့တော် ပေကျင်းရှိ နွေရာသီနန်းတော်တွင် လှေစီးနေကြသူများကို ၂၀၂၃ ခုနှစ်၊ ဧပြီ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြို့တော်ပေကျင်းတွင် မေ၃ ရက်တွင်ကုန်ဆုံးသော အလုပ်သမားနေ့အားလပ်ရက်အတွင်း ခရီးသွားဧည့်သည်ပေါင်း ၉.၁ သန်းခန့်ဝင်ရောက်ခဲ့ပြီး ယမန်နှစ်ကထက် ၁၉၈.၂ ရာခိုင်နှုန်း တိုးလာကာ ၂၀၁၉ ခုနှစ် ဧည့်သည်ဝင်ရောက်ခဲ့သော ကိုဗစ်မတိုင်မီကာလအခြေအနေထက် ၆.၆ ရာခိုင်နှုန်း ပိုများကြောင်း မြို့တော်ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနက မေ ၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ငါးရက်တာ အားလပ်ရက်ကာလအတွင်း ပေကျင်းမြို့၏ ခရီးသွားလုပ်ငန်းများမှ စုစုပေါင်းဝင်ငွေသည် ယွမ် ၁၃.၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁.၉၆ ဘီလီယံ) ရှိသည်။ ၎င်းမှာယမန်နှစ်ကထက် ၇၅၂.၃ ရာခိုင်နှုန်း ခုန်တက်ကာ ၂၀၁၉ ကိန်းဂဏန်းများထက် ၁၃.၉ ရာခိုင်နှုန်း ပိုမိုများပြားကြောင်း သိရသည်။

ယင်းအားလပ်ရက်ရှည်ကာလများတွင် မြို့တော်အတွင်း လူတစ်ဦးချင်း၏ ခရီးသွားပျမ်းမျှအသုံးစရိတ်မှာ ၁,၄၇၄.၄ ယွမ်အထိတိုးတက်လာခဲ့ပြီး ၂၀၁၉ ခုနှစ်က သုံးစွဲနိုင်မှုထက် ၆.၈ ရာခိုင်နှုန်းတိုးလာကြောင်း သိရသည်။

ပေကျင်းမြို့တွင်ယင်းအားလပ်ရက်ကာလအတွင်း ပြပွဲခန်းမပေါင်း ၁၆၆ ရုံတွင်လည်း ယဉ်ကျေးမှု ခရီးသွားလုပ်ငန်းအမျိုးမျိုးဖြစ်သည့် ပြဇာတ်များ၊ အော်ပရာဇာတ်များ၊တေးဂီတဖျော်ဖြေပွဲများနှင့် ကလေးပြဇာတ်များအပါအဝင် ဖျော်ဖြေပွဲအစီအစဉ်ပေါင်း ၁,၄၇၃ ခုဖြင့် ခရီးသွားဧည့်သည ၄၅၀,၀၀၀ ခန့် ကို ဆွဲဆောင်နိုင်ခဲ့ပြီး လက်မှတ်ရောင်းအား ဝင်ငွေမှ ယွမ်၈၇.၃၈ သန်းရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

……………………………..
(English Version)
Beijing’s May Day holiday trips rebound above pre-COVID level
BEIJING, May 4 (Xinhua) — The Chinese capital of Beijing received 9.1 million visitor arrivals during the May Day holiday, which ended Wednesday, marking a year-on-year increase of 198.2 percent, and 6.6 percent higher than the pre-COVID level recorded in 2019, according to the municipal bureau of culture and tourism Thursday.
Total tourism revenue in the city amounted to 13.5 billion yuan (1.96 billion U.S. dollars) in the five-day holiday, a leap of 752.3 percent year on year, and 13.9 percent higher than the 2019 figure.
Per-capita tourist spending in the city reached 1,474.4 yuan in the holiday, 6.8 percent higher than that of 2019.
Beijing launched a variety of cultural tourism activities during the holiday with 166 theaters in the city staging 1,473 performances, ranging from dramas, operas, and musicals to children’s plays, attracting about 450,000 visitors and earning 87.38 million yuan at the box office. ■
(1) People take boats in the Summer Palace in Beijing, capital of China, April 29, 2023. (Xinhua/Ren Chao)