Connect with us

China

ဆက်သွယ်ရေးလိမ်လည်မှုများကို ထိထိရောက်ရောက်နှိမ်နင်းရန် မြန်မာနိုင်ငံကို တရုတ်နိုင်ငံက တိုက်တွန်း

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ချင်ကန်း (ယာ) နှင့် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ နေပြည်တော်၌ မေ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပုဂံ၊ မြန်မာ၊ မေ ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းက ဆက်သွယ်ရေးလိမ်လည်မှုများကို ထိထိရောက်ရောက်နှိမ်နင်းရန် မြန်မာနိုင်ငံအစိုးရကို တိုက်တွန်းခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများတွင် ဆက်သွယ်ရေးလိမ်လည်မှုဂိုဏ်းများ အခြေတည်နေသည်မှာ ကာလကြာရှည်နေပြီဖြစ်ကြောင်း၊ ယင်းဖြစ်ရပ်မှာ တရုတ်နိုင်ငံသားများ၏ အကျိုးစီးပွားကို ဆိုးဝါးစွာ ထိပါးလျက်ရှိကြောင်းနှင့် တရုတ်ပြည်သူများကလည်း နှစ်မြို့ခြင်းမရှိကြောင်း ချင်က မြန်မာနိုင်ငံသို့ ရောက်ရှိစဉ် မေ ၂ ရက်၌ ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ အစိုးရအနေဖြင့် အဆိုပါကိစ္စရပ်ကို အထူးအလေးထားကြောင်းနှင့် ထိုသို့ဥပဒေချိုးဖောက်မှုကို ထိထိရောက်ရောက်နှိမ်နင်းရန် ဆုံးဖြတ်ထားကြောင်း ချင်က ဆိုသည်။ ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် လက်တွေ့အကောင်အထည်ဖော်ကာ ဌာနအသီးသီးဖြင့် ညှိနှိုင်းဆောင်ရွက်၍ တရုတ်-မြန်မာ-ထိုင်း ပူးတွဲနှိမ်နှင်းမှုများ ပြုလုပ်ရန်နှင့် ပိတ်မိနေသော တရုတ်နိုင်ငံသားများကို အချိန်နှင့်တစ်ပြေးညီ ကယ်ထုတ်နိုင်ရန် တရုတ်နိုင်ငံက တိုက်တွန်းကြောင်း ချင်က အလေးထားပြောကြားခဲ့သည်။
မြန်မာနိုင်ငံဘက်ကလည်း နယ်စပ်ဒေသများတွင် ဆက်သွယ်ရေးလိမ်လည်မှုများနှင့် အခြားတရားမဝင်လုပ်ဆောင်မှုများကို တားဆီးတိုက်ဖျက်ရန် တရုတ်နိုင်ငံ၏ တရားဥပဒေစိုးမိုးရေးဆိုင်ရာ လုံခြုံရေးဌာနများနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန် ဆန္ဒရှိသည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………………………
(English Version)
China urges Myanmar to crack down on telecom frauds
BAGAN, Myanmar, May 3 (Xinhua) — Chinese State Councilor and Foreign Minister Qin Gang has urged the Myanmar government to crack down on telecom frauds.
During his visit to the Southeast Asian country starting Tuesday, Qin pointed out that Myanmar’s border areas have long been home to telecom fraud gangs, which have seriously infringed on the interests of Chinese citizens and are abhorred by the Chinese public.
The Chinese government attaches great importance to this issue and is determined to crack down on the crime, Qin said, stressing that China urges the Myanmar side to take practical measures and coordinate various departments to launch a joint crackdown on telecom frauds between China, Myanmar and Thailand, and rescue trapped Chinese nationals in a timely manner.
The Myanmar side said it is willing to strengthen cooperation with China’s law enforcement and security departments to combat telecom frauds and other illegal activities in the border areas.
Photo: Chinese State Councilor and Foreign Minister Qin Gang (R) shakes hands with Myanmar’s Union Minister for Foreign Affairs Than Swe during their meeting in Nay Pyi Taw, Myanmar, on May 2, 2023. (Photo by Myo Kyaw Soe/Xinhua)