Connect with us

China

တရုတ်နိုင်ငံခြားရေးဝန်ကြီးက တရုတ်-အိန္ဒိယ ပူးပေါင်းဆောင်ရွက်မှု၊ ချစ်ကြည်ရင်းနှီးမှုကို ပံ့ပိုးကူညီရန် လူငယ်များကို တိုက်တွန်း

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းကို ၂၀၂၃ ခုနှစ် မတ် ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂိုအာ၊ အိန္ဒိယ၊ မေ ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းက တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံမှ လူငယ်များအနေဖြင့် နှစ်နိုင်ငံကြား အပြန်အလှန်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ကြည်ရင်းနှီးမှုအတွက် ပံ့ပိုးကူညီရန် မေ ၄ ရက်က ပြောကြားခဲ့သည်။

လူငယ်များသည် နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအင်အားဖြစ်ကြောင်း၊ တရုတ်နိုင်ငံတွင် မေလ ၄ ရက်ကို လူငယ်များနေ့အဖြစ် သတ်မှတ်ထားကြောင်း ချင်က ကွယ်လွန်သွားပြီဖြစ်သော အိန္ဒိယဆရာဝန် Dwarkanath Kotnis နှင့် ဆွေမျိုးများ၊ တရုတ်နှင့် အိန္ဒိယ လူငယ်ကိုယ်စားလှယ်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

နှစ်နိုင်ငံလုံးရှိ လူငယ်များသည် နှစ်နိုင်ငံ ယဉ်ကျေးမှုဖလှယ်မှုများနှင့် အပြန်အလှန် အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ၎င်းတို့၏ အခန်းကဏ္ဍကို ဆောင်ရွက်သင့်ကြောင်း၊ သို့မှသာ တရုတ်-အိန္ဒိယ ချစ်ကြည်ရေးသည် မျိုးဆက်တစ်ဆက်မှ တစ်ဆက်တိုင်အောင် လက်ဆင့်ကမ်း အမွေဆက်ခံနိုင်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

Dr. Kotnis သည် တရုတ်ပြည်သူများ၏ မဟာမိတ်ဆွေကောင်းနှင့် ထူးချွန်သော ဖက်ဆစ်ဆန့်ကျင်ရေး တိုက်ခိုက်ရေးသမားဖြစ်ကာ ဂျပန်တို့၏ကျူးကျော်စစ်ကို ကြံ့ကြံ့ခံရင်ဆိုင်ခဲ့သော တရုတ်ပြည်သူများ၏ ခုခံစစ်ပွဲ၌ ၎င်း၏ ငယ်ရွယ်နုပျိုမှုနှင့် ဘဝကို နှစ်မြှုပ်ခဲ့သူဖြစ်ကြောင်း ချင်က ပြောခဲ့သည်။

Dr. Kotnis သည် ဒုတိယကမ္ဘာစစ်အတွင်း ဆေးဘက်ဆိုင်ရာအကူအညီပေးရန် တရုတ်နိုင်ငံသို့ စေလွှတ်ခဲ့သော အိန္ဒိယဆရာဝန်ငါးဦးအနက် တစ်ဦးဖြစ်သည်။ (Xinhua)

………………………………
(English Version)
Chinese FM calls on youths to contribute to China-India cooperation, friendship

GOA, India, May 4 (Xinhua) — Chinese State Councilor and Foreign Minister Qin Gang on Thursday called on youths from China and India to contribute to mutually beneficial cooperation and friendship between the two countries.
When meeting with relatives of late Indian doctor Dwarkanath Kotnis and representatives of Chinese and Indian youths, Qin said the youths are the main force for the development of the two countries, noting Thursday is the Youth Day in China.
The young people of both countries should do their part to promote bilateral cultural exchanges and mutually beneficial cooperation, so that the China-India friendship can be passed down from generation to generation, he said.
Qin called Dr. Kotnis a great friend of the Chinese people and an outstanding fighter of anti-fascist war, who devoted his youth and life to the Chinese People’s War of Resistance Against Japanese Aggression.
Dr. Kotnis was one of five Indian physicians sent to China to provide medical assistance during World War II.
Photo: Chinese Foreign Minister Qin Gang attends a press conference on China’s foreign policy and foreign relations on the sidelines of the first session of the 14th National People’s Congress (NPC) in Beijing, capital of China, March 7, 2023. (Xinhua/Wang Yuguo)