Connect with us

China

တရုတ်နိုင်ငံ၏ ကျောက်မီးသွေး အထွက်နှုန်းမှာ မေလတွင် ၄.၂ ရာခိုင်နှုန်းတိုးတက်လာ

ပေကျင်း၊ ဇွန် ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ကျောက်မီးသွေးကုန်ကြမ်းထွက်ရှိမှုမှာ မေလတွင် ပုံမှန်တိုးတက်လာခဲ့ကြောင်း တရားဝင်အချက်အလက်များအရ သိရသည်။

တရုတ်နိုင်ငံသည် ပြီးခဲ့သည့်လက ကျောက်မီးသွေးကုန်ကြမ်း တန်ချိန် သန်း ၃၉၀ ထုတ်လုပ်ခဲ့ပြီး ယမန်နှစ်ကာလတူကထက် ၄.၂ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း အမျိုးသားစာရင်းအင်းဗျူရို၏ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၃ ခုနှစ် ပထမငါးလတွင် ကျောက်မီးသွေး အထွက်နှုန်းမှာ တန်ချိန် ၁.၉၁ ဘီလီယံရှိပြီး ယမန်နှစ် ကာလတူကထက် ၄.၈ ရာခိုင်နှုန်း ပိုများခဲ့ကြောင်း အမျိုးသားစာရင်းအင်းဗျူရို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံသည် ဇန်နဝါရီမှ မေလအတွင်း စုစုပေါင်းကျောက်မီးသွေးတန်ချိန် သန်း ၁၈၀ တင်သွင်းခဲ့ပြီး ၂၀၂၂ ခုနှစ် ယမန်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ၈၉.၆ ရာခိုင်နှုန်း မြင့်တက်လာကြောင်း ကိန်းဂဏန်းအချက်အလက်များအရ သိရသည်။ (Xinhua)

…………………………
(English Version)
China coal output up 4.2 pct in May
BEIJING, June 17 (Xinhua) — China’s raw coal output posted steady growth in May, official data showed.
The country produced 390 million tonnes of raw coal last month, up 4.2 percent year on year, according to the National Bureau of Statistics.
In the first five months of 2023, the output was 4.8 percent higher than a year earlier at 1.91 billion tonnes, said the bureau.
China imported a total of 180 million tonnes of coal during the January-May period, up 89.6 percent compared with the same period in 2022, the data revealed. ■