Connect with us

China

တရုတ်နိုင်ငံ၏ ပထမဆုံး ပြည်တွင်းထုတ် ပင်လယ်ကူးသင်္ဘော ရှန်ဟိုင်းတွင် ရေချ

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့တွင် "Adora Magic City" အား ၂၀၂၂ ခုနှစ် ဒီဇင်ဘာလက တွေ့ရစဉ် (ဓာတ်ပုံ- China State Shipbuilding Corporation Cruise Technology Development Co., Ltd. /Handout via Xinhua)

ရှန်ဟိုင်း၊ ဇွန် ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ပထမဆုံး ပြည်တွင်းထုတ် ပင်လယ်ကူးသင်္ဘောကြီးကို ရှန်ဟိုင်းမြို့တွင် ဇွန် ၆ ရက်က ရေချခြင်းလုပ်ငန်းပြီးစီးခဲ့ကြောင်း သိရသည်။

“Adora Magic City” ဟု အမည်ပေးထားသော အဆိုပါ ပင်လယ်ကူးသင်္ဘောကို ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပို့ဆောင်ပေးနိုင်မည်ဟု မျှော်မှန်းထားသည်။

ယခုအချိန်အထိ သင်္ဘောကြီး တည်ဆောက်မှုလုပ်ငန်း ၉၃ ရာခိုင်နှုန်းကျော်နှင့် သင်္ဘောအတွင်းပိုင်းလုပ်ငန်း ၈၅ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း China State Shipbuilding Corporation Shanghai Waigaoqiao Shipbuilding ကုမ္ပဏီလီမိတက်အရ သိရသည်။

အလျား ၃၂၃.၆ မီတာနှင့် အကျယ် ၃၇.၂ မီတာရှိကာ သင်္ဘောဆံ့နိုင်သောပမာဏ တန်ချိန် ၁၃၅,၅၀၀ ရှိသော အပျော်စီးသင်္ဘောကြီးသည် ခရီးသည်ဦးရေ ၆,၅၀၀ ကျော် တင်ဆောင်နိုင်ကြောင်း၊ ယင်းသင်္ဘောပေါ်တွင် ဇိမ်ခံဟိုတယ်တစ်ခု၊ ရုပ်ရှင်ရုံများနှင့် ရေကူးကန်ဥယျာဉ်တစ်ခုလည်း ပါဝင်ကြောင်း သိရသည်။

“ဒီအပျော်စီးသင်္ဘောက လွှဲပြောင်းပြီးတဲ့နောက်ပိုင်း ရှန်ဟိုင်းကနေ ဂျပန်နဲ့ အရှေ့တောင်အာရှဒေသတွေဆီ ထွက်ခွာသွားမှာဖြစ်ပါတယ်။ ပင်လယ်ရေကြောင်း ပိုးလမ်းမတစ်လျှောက် အလယ်အလတ်နဲ့ ရှည်လျားတဲ့လမ်းကြောင်းကိုလည်း ပြေးဆွဲသွားမှာပါ” ဟု ယင်းသင်္ဘောအား တည်ဆောက်လည်ပတ်သူ CSSC Carnival ၏ မန်နေဂျင်းဒါရိုက်တာ Roger Chen က ပြောခဲ့သည်။

တရုတ်နိုင်ငံ၏ ဒုတိယမြောက် ပြည်တွင်းထုတ် အပျော်စီးသင်္ဘောကြီး တည်ဆောက်မှုကို ၂၀၂၂ ခုနှစ် ဩဂုတ်လက စတင်ခဲ့ခြင်းဖြစ်သည်။ (Xinhua)

………………………………….
(English Version)
China’s first home-grown cruise ship undocked in Shanghai
SHANGHAI, June 6 (Xinhua) — China’s first domestically-built large cruise ship completed its undocking in Shanghai on Tuesday.
The cruise ship named, “Adora Magic City,” is expected to be delivered by the end of 2023.
To date, over 93 percent of its construction and over 85 percent of its interior work have been completed, according to China State Shipbuilding Corporation (CSSC) Shanghai Waigaoqiao Shipbuilding Co., Ltd.
The cruise ship, measuring 323.6 meters in length and 37.2 meters in width with a gross tonnage of 135,500 tonnes, can accommodate more than 6,500 passengers. It will have a luxury hotel, cinemas and a water park on board.
“The cruise ship will depart from Shanghai for Japan and Southeast Asia after the delivery. A medium and long route along the Maritime Silk Road will be launched in due course,” said Roger Chen, managing director of CSSC Carnival, the cruise ship’s operator.
The construction of the country’s second domestically-built large cruise ship started in August 2022.
Photo: This file photo taken in December 2022 shows “Adora Magic City” in Shanghai, east China. (China State Shipbuilding Corporation Cruise Technology Development Co., Ltd. /Handout via Xinhua)