Connect with us

Europe

တရုတ်လေကြောင်းလိုင်းက ပေကျင်းနှင့် လန်ဒန်ကြား တိုက်ရိုက်လေကြောင်းခရီးစဉ်သစ် ပြေးဆွဲ

တရုတ်နိုင်ငံ တောင်ပိုင်း ဟောင်ကောင် သို့ ထွက်ခွါမည့် China Southern Airlines ခရီးစဉ်အမှတ် CZ309 လေယာဉ်အား မြို့တော်ပေကျင်းရှိ ပေကျင်းတာ့ရှင်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပျံတက်နေသည်ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ ဇွန် ၈ ရက် (ဆင်ဟွာ)

တရုတ်လေကြောင်းလိုင်းဖြစ်သော China Southern Airlines က တရုတ်နိုင်ငံ၊ ပေကျင်းမြို့နှင့် ဗြိတိန်နိုင်ငံ လန်ဒန်မြို့အကြား တိုက်ရိုက်လေကြောင်းခရီးစဉ်သစ်ကို ဇွန် ၇ ရက် ကစတင်ပြေးဆွဲခဲ့သည်။အသစ်ပြေးဆွဲမည့်လေကြောင်းလိုင်းသစ်သည် Heathrow Airport လေဆိပ်မှ ဒေသစံတော်ချိန် ည၁၀:၃၀ နာရီ၌ စတင်ထွက်ခွါ၍ ၁၀ နာရီနီးပါးကြာ ပျံသန်းပြီးနောက် ပေကျင်းတာ့ရှင်း အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်မည့်လေကြောင်းခရီးစဉ်တစ်ခု နေ့စဉ်ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါလေကြောင်းဝန်ဆောင်မှုအသစ်ကို ခရီးစဉ်အမှတ် A350 လေယာဉ်ဖြင့် ပြေးဆွဲခဲ့ခြင်းဖြစ်ပြီး ပေကျင်းနှင့် လန်ဒန်မြို့နှစ်မြို့ကြားတွင် တစ်နေ့လျှင် ခရီးသည်၆၀၀ ကျော် ပို့ဆောင်ပေးနိုင်မည်ဟု မျှော်မှန်းထားကြောင်း အဆိုပါလေကြောင်းလိုင်းမှ သိရသည်။

အဆိုပါလေကြောင်း ခရီးစတင်ခြင်းသည် ဗြိတိန်နိုင်ငံနှင့် တရုတ်နိုင်ငံကြား ချိတ်ဆက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုအတွက် တက်ကြွမှုအသစ်များ ဆောင်ကြဉ်းလာမည်ဟု မျှော်လင့်ကြောင်းနှင့် နှစ်နိုင်ငံပြည်သူများအကြား ကူးလူးဖလှယ်မှုကို မြှင့်တင်နိုင်ခဲ့ကြောင်း လန်ဒန်လေကြောင်းလိုင်းရုံး၏ အထွေထွေမန်နေဂျာ Chen Ke က ပြောကြားခဲ့သည်။ (Xinhua)

————————–
Chinese airline launches new direct air route linking London, Beijing
LONDON, June 8 (Xinhua) — China Southern Airlines on Wednesday inaugurated a new direct flight service linking London and Beijing.
The newly opened route operates one flight daily, departing from Heathrow Airport at 10:30 p.m. local time and landing at the Beijing Daxing International Airport after approximately 10 hours of flying.
The new air service is operated by the Airbus A350 aircraft and is expected to transport more than 600 passengers each day between the two cities, according to the airline.
The launch of this air route will hopefully bring new vitality to connections and cooperation between Britain and China, as well as promote exchanges between the people of the two countries, said Chen Ke, general manager of the airline’s London office. Enditem
China Southern Airlines flight CZ309 bound for south China’s Hong Kong takes off at the Beijing Daxing International Airport in Beijing, capital of China, Jan. 17, 2023. (Xinhua/Ju Huanzong)