Connect with us

Asia

တရုတ်-အိန္ဒိယ ဆက်ဆံရေး တည်ငြိမ်မှုရှိစေရေး ဆောင်ရွက်ရန် ဝမ်ရိ တိုက်တွန်း

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် တရုတ်နိုင်ငံ ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိ (ယာ) နှင့် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး စူဘရာမန်ယမ် ဂျေရှန်ကာနှင့် ၂၀၂၃ ခုနှစ် ဇူလိုင် ၁၄ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

ဂျကာတာ၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဗဟို နိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိက တရုတ်နှင့် အိန္ဒိယ ဆက်ဆံရေး တည်ငြိမ်မှုရှိစေရေး အကောင်အထည်ဖော်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။

အဆိုပါ ဆက်ဆံရေးသည် နှစ်နိုင်ငံ ခေါင်းဆောင်များကြား အရေးပါသော သဘောတူညီချက်ဖြစ်ကြောင်း ဝမ်က အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးများနှင့် တွဲလျက်ပြုလုပ်သောအစည်းအဝေးအတွင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး စူဘရာမန်ယမ် ဂျေရှန်ကာအား ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် တရုတ်နိုင်ငံ ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိ (ယာ) နှင့် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး စူဘရာမန်ယမ် ဂျေရှန်ကာနှင့် ၂၀၂၃ ခုနှစ် ဇူလိုင် ၁၄ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

အိမ်နီးချင်းနိုင်ငံများကြား ဘုံဖွံ့ဖြိုးတိုးတက်မှုနှင့် သာယာဝပြောမှုသည် ကမ္ဘာကြီးအတွက် စံနမူနာဖြစ်ကြောင်း၊ အပြန်အလှန် သံသယဝင်နေမည့်အစား အပြန်အလှန်ထောက်ခံအားပေးမှုပြုရမည်ဖြစ်ကြောင်း ဝမ်က တိုက်တွန်းခဲ့သည်။
အိန္ဒိယနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ဦးတည်ချက်တူထားရှိကာ နှစ်နိုင်ငံလုံး လက်ခံနိုင်မည့် နယ်နိမိတ်ရေးရာ ဖြေရှင်းမှုနည်းလမ်းကို ရှာဖွေသွားစေလိုကြောင်း ဝမ်က မှတ်ချက်ပြုခဲ့သည်။

ထို့ပြင် တရုတ်ကုမ္ပဏီများအပေါ် အိန္ဒိယနိုင်ငံ၏ မကြာသေးမီက ဆောင်ရွက်ခဲ့သောကန့်သတ်ချက်များကို တရုတ်နိုင်ငံက စိုးရိမ်မိကြောင်း၊ တရုတ်ကုမ္ပဏီများအတွက် မျှတသော၊ ပွင့်လင်းမြင်သာမှုရှိသော၊ ခွဲခြားဆက်ဆံမှုမရှိသော စီးပွားရေးပတ်ဝန်းကျင်တစ်ရပ်ကိုလည်း ဝမ်က အလေးထားပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဂျေရှန်ကာက အိန္ဒိယ-တရုတ် ဆက်ဆံရေးသည် နှစ်နိုင်ငံလုံး၏ ဘုံအကျိုးစီးပွားများနှင့် ကိုက်ညီကြောင်း၊ အိန္ဒိယနိုင်ငံအနေဖြင့် ပွင့်လင်းသောသဘောထားနှင့် မတူကွဲပြားမှုများကို သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်ဆောင်ရွက်၍ နှစ်နိုင်ငံဆက်ဆံရေး လမ်းကြောင်းမှန်သို့ ပြန်လည်ရောက်ရှိရန်နှင့် အဆင့်မြင့် ကူးလူးဆက်ဆံမှုများ နောက်တစ်ဆင့်မြှင့်တင်ရေးအတွက် သင့်လျော်သောအခြေအနေများအား ဖြစ်နိုင်သမျှမြန်မြန် ဖန်တီးရန် ဆန္ဒရှိကြောင်း ပြန်လည်ပြောကြားခဲ့သည်။ (Xinhua)

……………………………
(English Version)
Wang Yi urges actions to stabilize China-India relations
JAKARTA, July 15 (Xinhua) — Wang Yi, director of the Office of the Central Commission for Foreign Affairs, on Friday urged actions to stabilize relations between China and India.
Such a relationship is an important consensus between leaders of the two countries, Wang told Indian External Affairs Minister Subrahmanyam Jaishankar on the sidelines of a series of ASEAN foreign ministers’ meetings.
Wang said common development and prosperity between the two neighbors is a global example, calling for mutual support instead of suspicion.
China and India need to work in the same direction to find a solution to border issues acceptable to both sides, Wang noted.
Expressing China’s concerns about India’s recent restrictions against Chinese companies, Wang underscored a fair, transparent and non-discriminatory business environment for Chinese companies.
Jaishankar said the normalization of India-China relations serves the common interests of both sides, adding that India is willing to properly handle differences with an open mind and bring relations between the two countries back on the right track as soon as possible to create favorable conditions for next-stage high-level exchanges.
Photo: Director of the Office of the Central Commission for Foreign Affairs Wang Yi (R) meets with Indian External Affairs Minister Subrahmanyam Jaishankar in Jakarta, Indonesia, July 14, 2023. (Xinhua/Xu Qin)